ဆယ်ကျော်သက်‌လေးများအတွက် Skin Care Tips Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အသားအရေကို ထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အလှအပကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှုကင်းစေဖို့ နည်းစနစ်မှန်မှန်နဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ပိုအရေးကြီးပါတယ်နော်။ ဆယ်ကျော်သက်အရွယ်မှာ ရိုးရှင်းတဲ့ Skincare Steps လောက်ပဲလုပ်ပြီး မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ ကောင်းမွန်တဲ့ Skincare Products လေးတွေကို သေချာရွေးချယ် သုံးတတ်တယ်ဆိုရင်တော့ Healthy Skin လေးကို ရရှိမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အဓိကသုံးသင့်တဲ့ Skincare Steps က (၄) ဆင့်ပဲရှိပါတယ်နော်။ ဆယ်ကျော်သက်လေးများ၏ အလှအပရေးရာအတွက် သုံးပေးဖို့ကတော့ Cleanser, Moisturizer နဲ့ Toner တို့လိုအပ်ပါတယ်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်တော့ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Suncream ကိုအသုံးပြုပေးသင့်ပါတယ်။ မျက်နှာနှင့် ခန္ဓာကိုယ်ကို တစ်ပတ်လျှင် တစ်ကြိမ်လောက်တော့ Scrub လုပ်ပေးသင့်ပါတယ်။

ဆယ်ကျော်သက်‌လေးများအားလုံး သိရှိနိုင်ဖို့အတွက် အလှအပရေးရာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းလမ်းကောင်းလေးများကို မျှ‌ေ၀ပေးလိုက်ရပါတယ်နော်။

(၁)  Cleansing သေချာလုပ်ပေးပါ။

(၂)   Toner ကိုအသုံးပြုပေးပါ။

(၃)  Moisturizer သုံးပေးပါ။

(၄)  မျက်နှာနှင့် ခန္ဓာကိုယ်ကို Scrub လုပ်ပါ။

#LifePlus
#BeautyTips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *