Zawgyi Lat Swal Hna Lonn The Chay Say 1’s

Availability:

10 in stock


SKU: 70101214

1,200 Ks

10 in stock

နှလုံးတုန်၊ ရင်ခုန်၊ မောပန်း၊ မူးဝေ၊ နှလုံးအားနည်း၍ စားမဝင်၊ အိပ်မပျော်သူများလက်စွဲ

ဇော်ဂျီလက်စွဲ နှလုံးသည်းခြေဆေး

သုံးစွဲနိုင်သောရောဂါများ

နှလုံးတုန်၊ ရင်ခုန်၊ မောပမ်းမူးဝေ၊ နှလုံးအားနည်းခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံး သွေးကြောကျယ်ခြင်း၊ သွေးဆုံး မီးယပ်ဖြစ်၍ စားမဝင်၊ အိပ်မပျော် ဖြစ်သူများ ဇော်ဂျီလက်စွဲ နှလုံးသည်းခြေဆေးကို စားသုံးပါက သက်သာပျောက်ကင်းစေနိုင်သည့်အပြင် အပူကင်းစင်၍ အသားအရေ ကြည်လင်စေပါသည်။ဤဆေးသည် အပူငြိမ်းခြင်း၊ အခိုးပွင့်ခြင်း၊ နှလုံးအားတိုးခြင်း၊ သွေးသည်းခြေ၊ လေသလိပ်နှင့် ယှဉ်၍ ဖြစ်ပေါ်လာသော ရောဂါတို့ကို နိုင်ခြင်း၊ နှလုံးကြည်လင်စေခြင်း၊ နှလုံးတုန်၊ မူးဝေ၊ အိပ်မပျော်ခြင်း စသော သည်းခြေနာရောဂါကိုနိုင်ခြင်း၊ သွေးလေဖောက်ပြန်၍ မူးဝေမောပန်းခြင်း၊ နှလုံးသည်းခြေဖောက်ပြန်သော ရောဂါအမျိုးမျိုးကို သက်သာစေပါသည်။

သုံးစွဲရန်ဆေးပမာဏ

  • မူးဝေမောပန်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြောက်လန့်ခြင်း ၊ နှလုံးမငြိမ်၊ စိတ်မငြိမ်ဖြစ်သူများနှင့် နှလုံးနှင့်ပတ်သက်သောရောဂါများကို လူကြီးတစ်ကြိမ် ဆေးပြား(၄)ပြား၊ တစ်နေ့(၂)ကြိမ်ကြံရည်၊ သကြားရည်၊ ရေအေး သင့်ရာဖြင့် သောက်ပါ။
  • သွေးဆုံးမီးယပ်ဖြစ်၍ စားမဝင်၊ အိပ်၍မပျော်ဖြစ်ပြီး အစားအသောက်ပျက်သူများ အပူကင်းစင်၍ အသားအရေ ကြည်လင်စေခြင်သူများ ညအိပ်ယာဝင် (၄) ပြား ရေအေးဖြင့် သောက်ပြီး နံနက် အိပ်ယာထ ရေအဝ သောက်ပါ။
  • အပူငြိမ်း၍ နှလုံးအားတိုးလိုသူများ နံ့သာနီရည်၊ နံ့သာဖြူရည်၊ ကြက်ဥ၊ ထောပတ်သီး၊ ငှက်ပျောသီး ဖျော်ရည် စသည့် သစ်သီးဖျော်ရည် တစ်မျိုးမျိုးဖြင့် ညအိပ်ယာဝင် (၄) ပြားသောက်ပါ။
  • အာရုံကြောအားနည်းခြင်းကြောင့်ဖြစ်သော နားအူခြင်း၊ နားလေထွက်ခြင်း ဝေဒနာ တို့အတွက် နံနက် (၄) ပြား ၊ ည (၄) ပြား ရေအေးဖြင့်သောက်ပါ။
  • နှလုံးရောဂါ အမျိုးမျိုးအတွက် နံနက်(၄)ပြား ၊ ည(၄) ပြား ရေအေးဖြင့် သောက်ပါ။
  • နှလုံးအားနည်း၍ မောပမ်းနွမ်းနယ်နေသူများ ၊ နှလုံးအဆီဖုံးရောဂါ၊ နှလုံးရောင်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးကြောင့် အသက်ရှုမဝခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း၊ လေးဖက်နာဖြစ်ခြင်း၊ အဆစ်နာ၊ အဆစ်ရောင်ခြင်း၊ ခြေဖျား၊လက်ဖျားအေးခြင်းတို့အတွက် လူကြီး တစ်နေ့ (၂) ကြိမ်၊ နံနက်(၃)ပြား၊ ည(၃) ပြား အစာစားပြီး ရေအေးဖြင့် သောက်ပါ။

မှတ်ချက်

မိမိသောက်နေကျ မြန်မာသွေးတိုးကျဆေး ၊ အင်္ဂလိပ်သွေးတိုးကျဆေး၊ မြန်မာဆီးချိုသွေးချိုကျဆေး၊ အင်္ဂလိပ် ဆီးချိုသွေးချိုကျဆေး တစ်မျိုးမျိုးကို သွေးတိုးနှင့် ဆီးချို၊သွေးချို ပုံမှန်ရှိစေရန်သောက်သုံးပြီးမှ ဇော်ဂျီလက်စွဲ နှလုံးသည်းခြေဆေးကို ထပ်မံသောက်သုံးပါက သွေးတိုးနှင့် သွေးချို၊ ဆီးချိုကြောင့် ဖြစ်သော နောက်ဆက်တွဲနှလုံးရောဂါအမျိုးမျိုးကို သက်သာစေပါသည်။

(အင်္ဂလိပ်ဆေးနှင့်တွဲသောက်ပါက မိနစ်−၃၀ ခြားပြီးမှ သောက်ပါ။) ဆေးကို ရေခဲရေနှင့် လုံးဝမသောက်ရ။

SKU: 70101214 Category:

Based on 0 reviews

0.0 overall
0
0
0
0
0

Be the first to review “Zawgyi Lat Swal Hna Lonn The Chay Say 1’s”

There are no reviews yet.