ရင်သွေးငယ်များ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ? Leave a comment

မိဘတိုင်းအတွက်မိမိကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးအာဟာရဓာတ်တိုးစေဖို့ရာအတွက် ဖြည့်စွက်စာများရဲ့ အခန်းကဏ္ဍကလည်း မရှိမဖြစ် အရေးပါနေပါတယ်။ မွေးကင်းစကလေးများ၊ အသက် (၆လ)မှ (၁နှစ်) နှင့် လမ်းလျှောက်အရွယ်ကလေးများအတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်များနှင့်ပတ်သက်ပြီး Nutrional Value တွေကတော့…
Lutein – Lutein ဓာတ်သည် မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မျက်လုံးအတွင်းရှိ အရေးကြီးသောဆဲလ်များကိုကာကွယ်ပေးခြင်း၊
Folic Acid – Folic Acid သည် ကလေးများတွင် မွေးရာပါချို့ယွင်းချက်နှင့် နောက်ဆက်တွဲ ပြဿနာ များကို ကာကွယ်ပေးနိုင်ခြင်း၊
ARA – ARA သည် မွေးကင်းစကလေးငယ်အများစုတွင်ဖြစ်တတ်သော ပန်းနာရင်ကျပ်ရောဂါ၊ နှင်းခူ၊ Atopic dermatitis နှင့်အစာဓာတ်မတည့်ခြင်း စသည့်ရောဂါများကိုပါ မဖြစ်အောင် ကာကွယ် တားဆီးပေးနိုင်တယ်လို့အဟာရပညာရှင်များကထောက်ခံထားပါတယ်။
DHA – DHA သည် အကောင်းဆုံးအမြင်အာရုံနှင့် သိမြင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေး အကြီးဆုံးဖြစ်ပါတယ်။
Omega 3 , Omega 6 – Omega 3 နှင့် Omega 6 တို့သည် ကလေးငယ်များ၏ ဦးနှောက်၊ မျက်စိနှင့် အာရုံကြောစနစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပြီး ရေရှည်နှလုံးကျန်းမာရေးကို အထောက်အကူပေးနိုင်ခြင်း၊
Taurine – Taurine ဓာတ်သည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ခြင်း၊
Choline – Choline တွင် Vitamin A, Vitamin C, Vitamin E နှင့် Zinc ဓာတ်တို့ပါဝင်ပြီး ကလေးငယ်များ၏ သဘာဝခုခံအားကို ပံ့ပိုးပေးနိုင်ခြင်း၊
Calcium – Calcium ဓာတ်သည် အာရုံကြောလှုံ့ဆော်မှုများနှင့် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးရာတွင်လည်း အထောက်အကူပြုပြီး အရိုးများနှင့် သွားများကိုသန်မာစေခြင်း၊
Carbohydrate – Carbohydrate သည် ကလေးများပုံမှန်ကြီးထွားမှုနှင့် လှုပ်ရှားမှုကို အထောက်အကူပြုကာ အလုံးစုံသော စိတ်ပိုင်းဆိုင်ရာများ၏ လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးနိုင်ပါတယ်။
DHPS Myanmar Ltd မှ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော Australia နိုင်ငံ၏ စံချိန်စံညွှန်းများနှင့် အညီထုတ်လုပ်ထားသည့် ”Nature One” ဖြည့်စွက်အာဟာရ နို့မှုန့်များဖြစ်တဲ့…
Step (1) New Born (မွေးကင်းစမှ အသက်(၆)လအရွယ်အထိ)၊
Step (2) Follow On (အသက် (၆) လမှ အသက် (၁)နှစ်အရွယ်အထိ) နှင့်
Step (3) Toddler (အသက် (၁) နှစ်မှ အသက် (၃) နှစ်အရွယ်အထိ) စတဲ့အာဟာရနှို့မှုန့်တွေမှာ ဖွံ့ဖြိုးစကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်တဲ့ Lutein၊ Folic Acid ARA၊ DHA၊ Omega 3 , Omega 6၊ Taurine၊ Choline၊ Calcium၊ Carbohydrate တို့ ထည့်သွင်းပေးထားပါတယ်။
ဒါ့အပြင် “Nature One” ဖြည့်စွက်အာဟာရနို့မှုန့်များတွင် ပါဝင်တဲ့ Prebiotic GOS သည် ကလေးများ အူမကြီးအတွင်းရှိ အရေးပါသော ဘက်တီးရီးယားများ၏ ကြီးထွားမှုနှင့် လုပ်ဆောင်ချက်ကို အားကောင်းစေပြီး
ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊
အစာချေဖျက်မှုကို လျင်မြန်တိုးတက်ကောင်းမွန်စေခြင်း၊
သတ္တုဓာတ်စုပ်ယူမှုကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် အူလမ်းကြောင်း ကျန်းမာရေးကို အထောက် အကူပြုနေပါတယ်။
သွေးအားနည်းနေသော သားသားမီးမီးလေးများ၊ သွေးရောဂါခံစားနေရသော ကလေးများသည် Folic acid ပါဝင်သော “Nature One” ကဲ့သို့ဖြည့်စွက်အာဟာရနို့မှုန့်များကို စားသုံးပေးသင့်ပါတယ်။ “Nature One Dairy Myanmar” မှ ကလေးဖြည့်စွက်အာဟာရနို့မှုန့်များကို နေ့စဉ်ပုံမှန်ဖြည့်စွက်စာအနေဖြင့် သင့်ကလေးများကိုတိုက်ကျွေးမယ်ဆိုရင် ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းတဲ့ သားသား မီးမီးလေးတွေဖြစ်လာမှာနော်။
မှတ်ချက် >>> မွေးကင်းစမှ အသက်(၆)လအထိ ကလေးများအတွက် မိခင်နို့သည်သာ အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံ FDA မှကလေးအာဟာရဖြည့်စွက်နို့မှုန့်များကို ကြော်ငြာခွင့်လုံးဝမပြုလုပ်ရဟု ဥပဒေအရတားမြစ်ထားပါသည်။ သို့သော် ကျန်းမာရေးအရသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း မိခင်နို့ ရည် မတိုက်ကျွေးနိုင်သည့်မိခင်များ၊ ကျန်းမာရေးအရ မိခင်နို့ရည်မထွက်သော မိခင်များ၊ ကူးစက်ရောဂါ ခံစားနေရသော မိခင်များအဖို့ မိမိရင်သွေးငယ်များအတွက် အကောင်းဆုံးရွေးချယ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်၍ “Nature One”ကလေးဖြည့်စွက်အာဟာရ နို့မူန့်များတွင်ပါဝင်သော Nutrition Information အကြောင်းဗဟုသုတရစေရန် ဖော်ပြထားခြင်းသာဖြစ်သည်။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *