ရင်သွေးငယ်တို့အကြောင်း တ‌စေ့တစောင်း… Leave a comment

ဒီတစ်ခါမှာဝောာ့ ဖေဖေမေမေတို့ရဲ့ အသည်းကျော် ဘေဘီလေးတို့အတွက် ဂရုစိုက်လုပ်ဆောင်ပေးဖို့ သိထားသင့်တဲ့ အကြောင်းလေးအချို့ကို ပြောပြပေးမယ်နော် ။
မေမေတို့ဖေဖေတို့ရေ …
– Baby လေးတွေကို မကိုင်ခင်မှာ လက်ကိုစင်ကြယ်အောင်ဆေးကြောပေးပါနော်။ Baby ‌‌လေးတွေမှာက Strong immune system မရှိသေးတဲ့အတွက်ကြောင့် ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
– Baby လေးတွေကို ရေချိုးပေးတဲ့အခါမှာ ကလေးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Gentle and Mild ဖြစ်တဲ့ Soap တွေ ၊ Shampoo တွေကိုပဲ သုံးပေးရမယ်နော် ။ ပြီးတော့ဆောင်းတွင်းကာလမှာ ရေအကြာကြီးချိုးပေးတာမျိုးမလုပ်ပဲ ရေနွေးနွေးလေးနဲ့ ချိုးပေးသင့်ပါတယ်။
– ရေချိုးပြီးသွားတဲ့အခါမှာ Baby oil လေးတစ်မျိုးမျိုးကိုသုံးပြီး Baby လေးကို 5-10mins လောက် နှိပ်နယ်ပေးကြမယ်။ (ကလေးလေးတွေကို နှိပ်နယ်ပေးခြင်းက ကလေးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်)။
– ပြီးရင် Baby လေးတို့ရဲ့ နူးညံ့တဲ့ အသားအရေလေးတွေကို ထိန်းသိမ်းပေးဖို့ ရေချိုးပြီးတိုင်းနဲ့ လိုအပ်တဲ့အချိန်တိုင်းမှာ Moisturizer , Baby cream , Baby lotion တစ်မျိုးမျိုးကို လိမ်းပေးကြမယ်။ (မေမေတို့ရေ Baby လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းလေးတွေပဲ ဖြစ်ရပါမယ်နော်)။
– Baby လေးတို့၀တ်ဆင်ထားတဲ့ Diaper တွေညစ်ပတ်သွားတဲ့အခါတိုင်းလဲ ပုံမှန်လဲပေးဖို့ လိုတယ်နော်။ Diaper စိုစိုတွေလဲပေးဖို့ သန့်ရှင်းတဲ့ Diaper လေးရယ် ၊ လိုအပ်တဲ့ Diaper wipes ၊ Diaper ointment လေးတွေ ဘေးနားမှာ အသင့်ယူထားသင့်ပါတယ်နော်။
– Diaper လေးတွေက Baby လေးတို့ရဲ့ အသားနုနုလေး‌‌တွေကို နီတတ် ပွန်းတတ်သေးတာမို့ Diaper rash အတွက် Cream လေးတွေ ၊ Ointment လေးတွေကတော့ မရှိမဖြစ်ဆောင်ထားရပါမယ်နော်။
Ref : Nemours Children’s Health , Google

Leave a Reply

Your email address will not be published. Required fields are marked *