အမျိုးသားတို့ ကျန်းမာရေးနှင့်အညီ လိုက်နာကျင့်သုံးရမည့် အချက် (၈)ချက် Leave a comment

မြန်မာနိုင်ငံက အမျိုးသားတွေအဖြစ်များတဲ့ရောဂါတွေကတော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်း ကျန်းမာရေးပြသာနာ၊ ခံတွင်းကင်ဆာ၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသည်းအဆီဖုံးတဲ့ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါတွေ အဖြစ်များလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ နည်းလမ်းလေးများကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Healthy diet ကိုစားသုံးပေးပါ (အ၀လွန်ရောဂါ၊ အချို့သော Cancer ရောဂါများနှင့် ဆီးချိုရောဂါများ၏ ဖြစ်ပွားမှုကို လျော့ချပေးနိုင်သည်)။
(၂)  Healthy weight ဖြစ်အောင် နေထိုင်ပါ (ပုံမှန် Body weight အတွင်းဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါ)။
(၃) ဆေးလိပ်လုံး၀ မသောက်သုံးပါနှင့်။
(၄) အရက်သောက်သုံးသူတွေအနေနှင့် တစ်နေ့မှာ 2ခွက် ထက်မပိုပါစေနှင့်။
(၅) တစ်နေ့မှာ 7-8 hours အထိအိပ်စက်ပေးပါ။
(၆) ဓါတ်မှန်ရိုက်ခြင်းနှင့် ဆေးစစ်ခြင်းများကို တတ်နိုင်လျှင် 4 လတစ်ကြိမ် ပြုလုပ်ပေးပါ။
(၇) နှစ်စဥ် Flu vaccine အပါအ၀င် တခြားသော Vaccinations များကိုထိုးပေးခြင်း များကိုလည်းလုပ်ဆောင်သင့်ပါတယ်။
(၈) Mental health ကလည်းအရေးကြီးတဲ့အတွက် တရားထိုင်ခြင်းကိုလည်း ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

အထက်ပါအချက်များကို လိုက်နာလက်ခံပြီး ကျင့်သုံးမယ်ဆိုလျှင် ပိုမိုကျန်းမာပြီး အမျိုးသားတွေအသက်အရွယ်ရလာတဲ့အခါ ဖြစ်တတ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားမှုများကို လျော့ချပေးနိုင်ပါတယ်။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlusမှာ ဈေးဝယ်ပါ**

#LifePlus_MenHealth
#AungMyoNaing_Pharmacist
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *