အားလုံးပဲ မင်္ဂလာပါရှင့်…
သဘာဝအတိုင်း အသားအရေ တောက်ပစိုပြေနေခြင်းသည် အသားအရေကျန်းမာခြင်းရဲ့ အဓိကလက္ခဏာတစ်ရပ်ပါ။ ဒါပေမဲ့ စိတ်ဖိစီးမှုများသော လူနေမှုဘဝပုံစံ၊ အလုပ်ဖိစီးမှုများ၊ အိပ်ရေးမဝခြင်း၊ ကျန်းမာရေးနှင့် မညီညွှတ်သော စားသောက်မှုစနစ်၊ လေထုညစ်ညမ်းမှု၊ နေလောင်ဒဏ်၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် အသားအရေက မွဲခြောက်ခြောက်နှင့် ကြည့်မကောင်းတာမျိုးတွေဖြစ်လာတတ်ပါတယ်။ အသားအရေကို ပျက်စီးယိုယွင်းမှုမှ ကာကွယ်ချင်ပြီး Glow Skin ကိုပိုင်ဆိုင်ချင်ကြတာက အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ အိမ်မက်ပါ။ မိန်းကလေးတွေ အားလုံးဘယ်လောက်ပဲလှအောင် မိတ်ကပ်များများ လိမ်းခြယ်ပါစေ အောက်ခံ အသားအရေ မကောင်းရင် ဘယ်လိုမှ အဆင်မပြေပါဘူးနော်။ အသားအရေ လှပစေဖို့ သဘာ၀နည်းလမ်းတွေသုံးပြီး စိတ်ရှည်ရှည်နဲ့ ပုံမှန်ထိန်းသိမ်းပေးမှ အသားအရေက တဖြည်းဖြည်းနဲ့ပြောင်းလဲလာမှာပါ။ ထို့အပြင် ကိုယ်နေ့စဉ်စားသောက်တဲ့ အစားအသောက်ကိုလဲ ဗီတာမင်မျှတစွာ စားသုံးပေးသင့်ပါတယ်။ Chemical ပါ၀င်မှုနည်းပါးပြီး မိမိတို့ အသားအရေနဲ့ လိုက်ဖက်တဲ့ Skincare Products လေးတွေကိုလဲ ရွေးချယ်သုံးစွဲဖို့တိုက်တွန်းလိုက်ရပါတယ်။ Glow skin ရဖို့ ခေတ်မီ Product တွေ၊ ကုထုံးတွေကို ဂရုတစိုက် အသုံးပြုလာကြပေမယ့် အားလုံးသိပြီးသားလည်းဖြစ်ပြီး အရေးကြီးဆုံးလည်းဖြစ်တဲ့ အခြေခံအချက်လေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။
Glow skin လေးရရှိအောင် အခြေခံအဆင့်အနေနဲ့ လုပ်ဆောင်ရန်လိုအပ်တဲ့ အချက်များကို ပြောပြချင်ပါတယ်ရှင့်…
၁. တစ်ညကို အနည်းဆုံး (၇)နာရီ အိပ်စက်အနားယူပါ။
၂. ရေတစ်နေ့ကို ၁လီတာခွဲနှင့် ၂လီတာကြား သောက်ပြီး ရေဓာတ်ပြည့်၀အောင်နေပါ။
၃. သကြားဓာတ်များစွာ စားသုံးခြင်းကိုရှောင်ကျဉ်ပါ။
၄. ညမအိပ်စက်ခင် မျက်နှာကို သေချာသစ်ပေးရပါမယ်။
၅. Natural ingredient တွေများစွာပါတဲ့ Scrub နဲ့ ညင်သာစွာ ကိုယ့်အသားအရည်ကို Scrub လုပ်ပေးရပါမယ်။