နိုဝင်ဘာ ၂၄ရက် ၂၀၂၁ မှာ WHO က Covid 19 မျိုးကွဲအသစ် Omicron virus ကို တောင်အာဖရိကမှာ စတင်တွေ့ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အိုမီခရွန် B.1.1.529 ဗီဇကွဲဟာ Spike protein mutation သန္ဓေကွဲ (၃၂) နေရာတောင်ရှိတဲ့အတွက် ကာကွယ်ဆေးကြောင့်ရထားတဲ့ ကိုယ်ခံအားကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ကာကွယ်ဆေးဆိုတာကလည်း အဲ့ဒီဗိုင်းရပ်စ်ကနေ လူ့ခန္ဓာကိုယ်ထဲကိုလာချိတ်တဲ့ Spike protein တွေကိုလေ့လာပြီး ထုတ်ထားတာမျိုးတွေဖြစ်ပါတယ်။ နောက်ထပ်သိရတာကတော့ တောင်အာဖရိကမှာ အိုမီခရွန်သံသယရှိတဲ့လူနာတွေမှာ ရောဂါလက္ခဏာမပြင်းထန်ပဲ နလန်ထတာမြန်တယ်လို့ဆိုထားပါတယ်။
အိုမီခရွန်ရဲ့ ရောဂါလက္ခဏာတွေကတော့…
ချောင်းဆိုးတာ၊
ကြွက်သားများနာကျင်ကိုက်ခဲတာ၊
ပင်ပန်းနွမ်းနယ်တာ၊
နှာခေါင်းပိတ်တာ၊
Delta တုန်းကလိုမျိုး အနံ့အရသာပျောက်တာမျိုးတော့သိပ်မတွေ့ရပဲ မျက်စိနာ၍ မျက်သားနီခြင်းမျိုး ဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။
နိုင်ငံတကာတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ဝင်ရောက်ဖြစ်ပွားမှုကြောင့် အကြမ်းဖြင်းအားဖြင့် အတည်ပြုလူနာစုစုပေါင်း လေးသိန်းကျော် ရှိ၍ သေဆုံးသူ ရှစ်ဆယ်ကျော် ရှိပြီဖြစ်ရာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဩစတြေးလျ၊ အရှေ့တောင်အာရှအပါအဝင် အာရှဒေသနိုင်ငံများစသည့် ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံ/ဒေသပေါင်း တစ်ရာကျော်အထိ ကျယ်ပြန့်စွာပျံ့နှံ့ရောက်ရှိပြီးဖြစ်သည်ဟု သိရှိရပါသည်။
အိုမီခရွန်ကို ဘယ်လိုကာကွယ်ကြမလဲ
Mask ကိုစနစ်တကျတက်ပါ၊
လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော်ကြာအောင်ဆေးကြောပါ၊
လူစုလူဝေးရှောင်ရှားပါ၊
အိမ်နှင့်အခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ထားပါ။
ကာကွယ်ဆေးသည် အပြည့်အဝ ကာကွယ်မပေးနိုင်ဘူးဆိုပေမယ့်လည်း ရောဂါပြင်းထန်မှုနှုန်းကိုလျော့ချပေးနိုင်သည့်အတွက်ကြောင့်မလို့ ကာကွယ်ဆေးမဖြစ်မနေထိုးကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။