ကြက်သွန်နီရဲ့ အလှအပကောင်းကျိုးများ
LifePlus မိတ်ဆွေတို့ရေ မီးဖိုချောင်သုံး ပစ္စည်းတွေက တစ်ခါတလေဟင်းချက်ရာမှာတင် မကဘဲအလှအပနဲ့ပတ်သက်ပြီး အသုံးဝင်တာကိုရော သိပြီးကြပြီလား ??? ကြက်သွန်နီရဲ့ အလှအပအတွက် ကောင်းကျိုးလေးတွေကို မင်မင်က LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။
( ၁ ) အရေးအကြောင်း သက်သာစေနိုင် ။
ကြက်သွန်နီက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို တင်းရင်းပြီး အရေးကြောင်းဖြစ်တာတွေကို သက်သာစေပါတယ် ။
( ၂ ) ဝက်ခြံတွေကို ကုသပေးနိုင် ။
ကြက်သွန်နီမှာပါတဲ့ ပိုးသေစေတဲ့ သတ္တိနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ သတ္တိကြောင့် ဝက်ခြံတွေကို သက်သာစေမှာပါ။
( ၃ ) အသားအရောင်မညီတာ နဲ့ အစက်အပြောက်တွေကို သက်သာစေပါတယ် ။
ကြက်သွန်နီမှာပါတဲ့ ဗီတာမင်စီက အမည်းစက်တွေ၊ တင်းတိပ်တွေ၊ အသားအရောင်မညီတာတွေကို ကုသပေးနိုင်ပါတယ်။
( ၄ ) အသားအရေကို ကြည်လင်စေတယ် ။
ကြက်သွန်နီမှာပါတဲ့ antioxidants တွေ၊ ဗီတာမင်တွေက မျက်နှာ အသားအရေ ညစ်နွမ်းတာကို သက်သာစေပြီး ကျန်းမာပြီး အသားအရေကို ကြည်လင်စေပါတယ် ။
( ၅ ) နူတ်ခမ်းသားကို နူးညံ့စေပါတယ် ။
ကြက်သွန်နီအရည်ကို နှုတ်ခမ်းသားမှာ လိမ်းပေးမယ်ဆိုရင် ဆဲလ်အသေတွေကို ကွာကျစေတာကြောင့် နူးညံ့တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ရမှာပါ။
မှတ်ချက် ။ ။ ဓာတ်မတည့်မျိုးလည်း ဖြစ်နိုင်လို့ သုံးနေရင်းနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားလာတာဆို ဆက်မသုံးဖို့ အကြံပေးချင်ပါတယ်။
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”