ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ ❓❄️❄️❄️ Leave a comment

ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ ❓❄️❄️❄️

LifePlus ချစ်သူတို့ရေ အခုဆိုရင် ရာသီဥတုကအေးလာပြီမို့ ဆောင်းတွင်းကာလမှာ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ကာကွယ်ရမယ့်နည်းလမ်းလေးတွေကို LifePlus ချစ်သူတို့အတွက်ဝေမျှပေးလိုက်ပါတယ်ရှင် ။💞

( ၁ ) အပျော့စားထုတ်ကုန်တွေ အသုံးပြုပါ ။
ဆောင်းတွင်းမှာတခြားရာသီတွေထက်ပိုပြီးထိခိုက်လွယ်တာမို အသားရေရဲ့ pH ပမာဏကို ထိန်းပေးရမယ့်အပြင် အလှကုန်ပစ္စည်းတွေကို အလွန်အကျွသုံးစွဲတာမျိုးကိုရှောင်ရှားပြီး ပုံမှန်ထုတ်ကုန်တွေကိုအသုံးပြုပါ ။ ပုံမှန်အသားရေထိန်းသိမ်းပေးပြီး အပျော့စားထုတ်ကုန်တွေကို အသုံးပြုကာ မျက်နှာချေးချွတ်ပေးပါနော် ။

( ၂ ) Facial Oil ကို သုံးပါ ။
အရေပြားအပေါ်ယံလွှာပျက်စီးတာကို သက်သာစေချင်ရင် facial oil ကို အသုံးပြုပေးနိုင်ပါတယ်။ Facial Oil က အသားပက်တာ၊ အက်ကွဲတာတွေကို သက်သာစေနိုင်ပါတယ်။ အဆီပြန်တဲ့သူတွေလည်း အသုံးပြုပေးနိုင်ပါတယ်။ ညဘက်ဆိုရင် facial oil ကို moisturiser အနေနဲ့ အသုံးပြုနိုင်ပါတယ်။ နေ့ဘက်တွေဆိုရင်တော့ တိုနာအသုံးပြုပြီးရင် သုံးနိုင်ပါတယ်။

( ၃ ) အရေပြားအပေါ်ယံလွှာကာကွယ်ပေးတဲ့၊ ကုသပေးတဲ့ ထုတ်ကုန်တွေကို သုံးပါ ။
အရေပြားအပေါ်ယံလွှာကို ကာကွယ်ပေးတဲ့ဓာတ်တွေပါဝင်တဲ့ Moisturiser ကို အသုံးပြုပေးသင့်ပါတယ်။ Petroleum Jelly ကလည်း အရေပြားအပေါ်ယံအလွှာတွေ ကောင်းတဲ့ရွေးချယ်မှုပါပဲ။ သင့်အသားရေမှာ Collagen အားဖြည့်ပေးမယ်ဆိုရင် အသားရေကို နူးညံ့စေပါလိမ့်မယ်။

( ၄ ) နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှာကို ကာကွယ်ပါ ။
နေရောင်ခြည်ဒဏ်က သင့်ရဲ့အရေပြားအပေါ်ယံလွှာကို တိုက်ရိုက်ထိတာဖြစ်ပါတယ်။ အဲဒါကြောင့် အမဲစက်၊ အသားရေရောင်မညီတာကွက်တာ၊ အရေးကြောင်းပေါ်တာတွေဖြစ်လာရတာပါ။ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားရေပရိုတင်းဓာတ်တွေနဲ့ အရေပြားအပေါ်ယံလွှာလုပ်ဆောင်ချက်တွေကို ကောင်းမွန်လာဖို့အတွက် Sunscreen ကို (၂) နာရီ (၃) နာရီတိုင်း ပြန်လိမ်းပေးပါ။

( ၅ ) စိုထိုင်းမှုထိန်းစက်ကို အသုံးပြုပါ ။
အေးနဲ့နေရာဒေသမှာ နေတဲ့သူဆိုရင် လေထုထဲကို အစိုဓာတ်ဖြည့်ပေးဖို့အတွက် အိမ်ထဲမှာ စိုထိုင်းမှုထိန်းစက်ကို တပ်ဆင်ထားတာအကောင်းဆုံးပါ။ သင့်အသားရေက ရေဓာတ်တွေကို ဆုံးရှုံးမသွားအောင် ကူညီပေးနိုင်ပါတယ်။

#LifePlus_BeautyTips
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *