ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ???
နေ့တိုင်းသောက်နေရတဲ့ ရေကသင့်ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ် ။
သောက်သုံးတဲ့ရေပမာဏက အသက်အရွယ်၊ လိင်၊ ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ ဆေးဘက်ဆိုင်ရာအခြေအနေတွေလို အချက်တွေအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ရေ (၆၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က အချက်ပေးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက်အထိ သောက်သုံးပေးသင့်ပါတယ် ။
ရေသောက်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့အချက်လက်များ ——
ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ် ။
ဆီးနဲ့ ချွေးတွေကတဆင့် အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ် ။
ရေက အာဟာရဓာတ်စုပ်ယူမှုကို ကူညီပေးပါတယ် ။
အစာခြေဖျက်ခြင်းကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ် ။
စိတ်ခံစားချက်နဲ့ အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ် ။
ခန္ဓာကိုယ်အတွင်းက အီလက်ထရိုလစ်ဓာတ်တွေ ညီမျှစေပါတယ် ။
ဒါတွေကြောင့် ရေကအရေးကြီးတာမို့ ရေသောက်မပျင်းကြပါနဲ့နော် ။ LifePlus ကာကာတို့ရော ဒီနေ့အတွက်ရေ ဘယ်နှခွက်သောက်ပြီးကြပြီလဲ ????
#LifePlus
#EnrichingHealth
#EnhancingBeauty