ဇူလိုင်လ ၂၈ရက်နေ့ဟာ ကမ္ဘာအသည်းရောင်အသားဝါရောဂါနေ့ဘဲဖြစ်ပါတယ်။
အသည်းရောင်အသားဝါရောဂါဟာ အဖြစ်များတတ်တဲ့ရောဂါဖြစ်ပေမယ့် လူအတော်များက သတိမထားမိကြတဲ့ ရောဂါမျိုးလဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာအဖြစ်များဆုံးသော အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုးကတော့ Hepatitis A, B, C & E တို့ပဲဖြစ်ပါတယ်
Hepatitis A နှင့် E ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။
Hepatitis A နှင့် E ရောဂါကူးစက်ပုံတွေက အတူတူပဲဖြစ်ပြီး ရောဂါပိုးရှိသော ရေနှင့်အစားအသောက်များကို ထိတွေ့စားသောက်မိခြင်းမှ ကူးစက်နိုင်ပြီး မကြာခဏလက်ဆေးခြင်း၊ အစားအသောက်ကို သေချာချက်ပြုတ်စားသောက်ခြင်းနှင့်ရေကိုကျိုချက်သောက်သုံးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။
Hepatitis B နှင့် C ပိုးဟာ အကာကွယ်မပါဘဲလိင်ဆက်ဆံခြင်း၊ သွေးနှင့်သွေးထွက်ပစ္စည်းများမှတဆင့် ကူးစက်နိုင်တာဖြစ်လို့ ကျန်းမာရေးလိုအပ်ချက်ကြောင့် ဆေးထိုး၊ ဆေးသွင်း ရမယ်ဆိုလျှင်တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့ကိုအသုံးပြုကြဖို့နဲ့ လိုအပ်လို့သွေးသွင်းကုသမှုခံယူရမယ်ဆိုလျှင်လည်း ရောဂါပိုးကင်းစင်တဲ့ သွေးကိုသွင်းကြဖို့လိုအပ်ပါသည်။
ရောဂါပိုးရှိတဲ့မိခင်ကနေလည်းသန္ဓေသားကို ကူးစက်တတ်တာမို့အကောင်းဆုံးကတော့ မိမိတို့ရင်သွေးငယ်ကို မွေးဖွားပြီးပြီးချင်း (၂၄)နာရီအတွင်း Hepatitis B ကာကွယ်ဆေးထိုးထားပေးသင့်ပါတယ်။
Hepatitis A နှင့် B ပိုးတို့ဟာ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။
ကာကွယ်ဆေးကို သတ်မှတ်ထားတဲ့အကြိမ်အရေအတွက်အတိုင်းစနစ်တကျထိုးမယ်ဆိုရင် လုံးဝအပြည့်အဝကာကွယ်နိုင်ပါတယ်။
Hepatitis C ပိုးဟာ ကာကွယ်ဆေးမရှိဘူးဆိုပေမယ့် မိမိမှာရောဂါပိုးရှိတာသိသိချင်းရောဂါကုသမှုခံယူမယ်ဆိုလျှင်အချိန်တိုအတွင်းသောက်ဆေးတစ်မျိုးတည်းနဲ့ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
မိမိမှာ Hepatitis B နဲ့ C ပိုးရှိတာမသိခဲ့ဘူး သေချာကုသမှုမလုပ်ဘူး ဆိုရင်တော့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း တို့နှင့်အသက်ဆုံးရှုံးနိုင်ပါတယ်။
Hepatitis D ပိုးဟာ B ပိုးရှိမှသာဖြစ်တတ်တာမို့ Hepatitis B ပိုးကိုကာကွယ်ထားခြင်းဟာ Dပိုးကိုကာကွယ်ထားခြင်းပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် Hepatitis B ပိုးကူးစက်မှုအများဆုံးနိုင်ငံများစာရင်းတွင်ပါဝင်ပါတယ်။
အသည်းရောင်အသားဝါရောဂါဟာ မိမိတို့နေထိုင်မှုပုံစံနှင့် အသက်ဆိုင်ဆုံးဖြစ်တာမို့ ဂရုတစိုက်နေထိုင်ဖို့အရေးကြီးပါတယ်။
အသည်းရောဂါနှင့်ပက်သက်သောဆေးများနှင့် အသည်းအားဆေးများကို LifePlus Health & Beauty ဆိုင်ခွဲများတွင်ဝယ်ယူရရှိနိုင်ပြီး မိမိတို့သောက်သုံးနေသောဆေးဝါးများနှင့်ပတ်သက်၍လည်း LifePlus မှ ဆေးဝါးပညာရှင်များနှင့်မေးမြန်းဆွေးနွေးအကြံဉာဏ်ယူနိုင်ပါသည်။
မိမိကိုယ်ကိုချစ်ပါ။ အသည်းလေးကိုကာကွယ်ပါ။
Ref https://www.who.int/…/default…/world-hepatitis-day-2022
#LifePlus_WorldHepatitisDay
#EnrichingHealth
#EnhancingBeauty