လက်တွေဆေးရလွန်းလို့ ခြောက်သွေ့နေပြီလား… Leave a comment

နေ့စဉ်အရာဝတ္တုများကို ထိတွေ့ကိုင်တွယ်နေရတဲ့ လက်ဟာ ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ လက်ဆေးခြင်းသည် လက်ကို အညစ်အကြေးများ၊ ပိုးမွှားများမှ ကင်းစင်စေရန် ဆေးကြောခြင်း ဖြစ်သည်။ လက်ကနေတဆင့် ဝင်ရောက်နိုင်တဲ့ ကူးစက်ရောဂါမျိုးစုံကို အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းလမ်းကတော့ လက်ဆေးခြင်းပဲ ဖြစ်ပါတယ်။ လက်ကိုဆပ်ပြာဖြင့် လိုအပ်သည့်အချိန်အတိုင်း မကြာခဏ ဆေးကြောခြင်းသည် အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ အပြင်အခြားသောလက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။ အခုလို COVID-19 ကပ်ရောဂါအတွင်းမှာ လက်ကို မကြာခဏဆေးရတဲ့အတွက် လက်ခြောက်သွေ့တာတွေနဲ့ ကြုံတွေ့ကြရမှာပါ။ ရေ၊ ဆပ်ပြာတို့နဲ့ လက်ဆေးတာပဲဖြစ်ဖြစ်၊ လက်သန့်ဆေးရည်သုံးပြီးလက်ဆေးတာပဲဖြစ်ဖြစ် အခုချိန်မှာ အရင်ကထက် လက်တွေကပိုခြောက်သွေ့မှာဖြစ်ပါတယ်။ နေ့စဉ်လက်ခဏခဏ ဆေးခြင်းကြောင့် လက်အရေပြားတွေ ခြောက်သွေ့လာစေနိုင်ပါတယ်။ လက်တွေခြောက်သွေ့နေပြီဆိုရင် လက်လေးတွေ ပြန်နူးညံ့လာစေဖို့ လုပ်သင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) လက်ကို သေချာစွာဆေးပြီးတဲ့အချိန် သန့်ရှင်းတဲ့ပိတ်စ/ Tissue နဲ့ ညင်သာစွာသုတ်ပါ (ကြမ်းကြမ်းတမ်းတမ်းမသုတ်ရပါဘူး)…
(၂)  ပြီးရင် Moisturizer ကို သေချာထူထူလေး လိမ်းပေးပါ..  (Vaseline က ထုတ်တဲ့ Petrolatum Jelly ကို သုံးဖို့ Recommend ပေးပါတယ်)…
(၃) သင့်လက်လေး နူးညံ့နေစေဖို့ Moisture ဓါတ်များများပါတဲ့ Hand Cream ကိုလည်း သေချာလေး သုံးပေးဖို့ မမေ့ပါနဲ့နော်…
(၄) Humidifier သုံးပါ.. အဲ့အရာက သင့်အခန်းထဲက လေထုကို စိုစွတ်စေပြီး အသားတွေခြောက်ခြင်းကိုလည်း သက်သာစေပါတယ်…
(၅) Hand Sanitizer တွေသုံးရင်လည်း Vitamin E များများပါတဲ့ LifePlus Hand Sanitizer ကို သုံးပေးလို့ရပါတယ်နော်…
(၆) Hand Sanitizer သုံးပြီးပြီးချင်း Hand Cream လေးသုံးပေးရင်လည်း အသားတွေခြောက်တဲ့ဒဏ်ကနေ သက်သာစေနိုင်ပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *