အဆီပြန်တဲ့ အသားအရေရှိတယ်ဆိုရင်? Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အသားအရေအမျိုးအစား တစ်ခုချင်းစီတိုင်းမှာ ပုံစံတစ်မျိုးစီရှိတတ်ကြပါတယ်။ အဆီဂလင်းကနေ အဆီထုတ်လုပ်မှုများတဲ့အခါ အသားအရေဟာ အဆီတွေနဲ့ပြောင်နေပြီး ချွေးပေါက်ကျယ်ကာ ဆားဝက်ခြံတွေအပြင် ၀က်ခြံတွေပါထွက်တတ်ပါတယ်။ မျိုးရိုးဗီဇ၊ ရာသီဥတု၊ စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ အစရှိတဲ့အကြောင်းရင်းများစွာကြောင့်လဲ မျက်နှာအဆီပြန်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေမှာဆိုရင်တော့ ဒီလိုအချက်လေးတွေ ဖြစ်တတ်ပါတယ်။

  • အသားအရေက အဆီကြောင့် ပြောင်ပြောင်လေးဖြစ်နေမယ်၊
  • ထိလိုက်ရင် စေးကပ်ကပ်ဖြစ်နေမယ်၊
  • ချွေးပေါက်လေးတွေ ကျယ်နေမယ်( လိမ္မော်ခွံလိုမျိုး အပေါက်လေး‌တွေမြင်နေရမယ်)၊
  • ဘာပဲ လူးထားပါစေ မျက်နှာမှာ ကြာကြာမခံဘူးဆိုရင်တော့ အဲ့ဒီအသားအရေပိုင်ရှင်ကို အဆီပြန်တဲ့ အသားအရေပိုင်ရှင်လို့ဆိုနိုင်ပါတယ်။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းလေးများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုတာ သေချာသွားပြီဆိုရင်တော့ ဒီအဆင့်လေးတွေကို ဆက်လက်လုပ်ဆောင်ရပါမယ်နော်။

(၁)   Foam Cleanser နဲ့ရေနွေးကို အသုံးပြုပြီး တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။

(၂)    Alcohol-free toner ကိုအသုံးပြုပါ။

(၃)   တစ်ပတ်ကို တစ်ကြိမ် Scrub လုပ်ပေးပါ။

(၄)   တစ်ပတ်ကို တစ်ကြိမ် မျက်နှာပေါင်းတင်ပေးပါ။

(၅)   Moisturizer ကိုပုံမှန် အသုံးပြုပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *