အားလုံးပဲ မင်္ဂလာပါရှင့်…
ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဗီတာမင် (၇) မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ လူသားတိုင်းတစ်နေ့တာ ကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကတော့…
- ဗီတာမင် A ၊
- ဗီတာမင် B1, B2, B6 ၊
- ဗီတာမင် C ၊
- ဗီတာမင် D3 ၊
- ဗီတာမင် B9 ၊
- Folic Acid တို့ပဲ ဖြစ်ပါတယ်။
– ဗီတာမင် A က မျက်လုံးအားကောင်းစေပါတယ်။ ဗီတာမင် A က အမြင်အာရုံ၊ အသားအရေ၊ အရိုး နဲ့ ခန္ဓာကိုယ်က အခြားတစ်ရှုးတွေကို ကျန်းမာဖွံ့ဖြိုးစေနိုင်ပါတယ်။ ဗီတာမင် A က အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းနဲ့ အရေပြားကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ Vitamin-A ဟာဝက်ခြံကြောင့် ဖြစ်ပေါ်သော ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပြီးနေလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို လျော့နည်းစေပြီးအသားအရေ ပြန်လည်ကြည်လင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် Vitamin-A ဟာ အရေးအကြောင်းတွေကိုလည်း သက်သာစေတာကြောင့် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။
– ဗီတာမင် B1, B2 နဲ့ B6 ကတော့ အားအင်ပြည့်ဝစေပြီး ဥာဏ်ရည်ထက်မြက်စေပါတယ်။ ဗီတာမင် B-1 (Thiamin)၊ ဗီတာမင် B-2 (Riboflavin)၊ ဗီတာမင် B-6 (Pyridoxine)တို့က ဉီးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး မှတ်ဉာဏ်အားကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။ Vitamin-B ဟာ ဝက်ခြံယားယံခြင်း၊ အသားခြောက်သွေ့ခြင်း၊ နှုတ်ခမ်းကွဲအက်ခြင်းနဲ့ အရေးအကြောင်းတွေကို ခုခံကာကွယ်ပေးနိုင်ပြီး ဆံသားနဲ့အရေပြားကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ်။ အရေပြားကို နေရောင်ခြည်ဒဏ်ပိုမိုခံနိုင်စေခြင်းအပြင် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အနီစက်နဲ့ အဖုအပိန့်တွေကိုပါ သက်သာစေပါတယ်။
– ဗီတာမင် C ကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ရာသီတုပ်ကွေးရောဂါနဲ့ အခြားသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော များကိုချေဖျက်ပေးနိုင်ပြီး မလိုအပ်တဲ့အဆီပိုများကို ကျစေပါတယ်။ Vitamin-C ဟာ အရေပြားဆဲလ်တွေအပေါ်မှာ ထိရောက်စွာ အကျိုးပြုပေးနိုင်ပြီး UV ကိုတားဆီးပေးရုံသာမက အရေပြားဆဲလ်အသစ်ဖြစ်ပွားမှုကိုအားပေးပြီးပျက်စီးနေသောအရေပြား ဆဲလ်များကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ Vitamin-C ကခန္ဓာကိုယ်နဲ့ အရေပြားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
– ဗီတာမင် D3 ကတော့ခန္ဓာကိုယ်တွင် အရိုးတည်ဆောက်ရေးနှင့် သန်မာရေး တို့တွင်အဓိက ကောင်းကျိုးဖြစ်စေပါသည်။ ဗီတာမင် D3 သည်ကယ်စီယမ် စုပ်ယူမှုကိုအားကောင်းစေပြီး သွားနှင့်အရိုးများကို ကြံ့ခိုင်စေပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သတ္ထုဓာတ်တွေကို ထိန်းညှိပေးပြီး ကင်ဆာကိုလဲ ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ Vitamin-D ရဲ့အဓိကလုပ်ဆောင်မှုက အရေပြားဆဲလ်တွေကြီးထွားမှု ဇီဝဖြစ်စဉ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ တားဆီးပေးနိုင်တာကြောင့်အသားအရေ ကာကွယ်ဖို့အတွက် အကောင်းဆုံးအရာဖြစ်ပါတယ်။
– Folic Acid ဆိုတာ ရေတွင်ပျော်၀င်သော ဗီတာမင် B အုပ်စု၏ မျိုးကွဲတစ်ခုဖြစ်တဲ့ Vitamin B9 (Folate) မှရရှိတာဖြစ်ပါတယ်။ Folic Acid ကတော့ သွေးအားကောင်းစေပြီး ခန္ဓာကိုယ်ရှိဆဲလ်နှင့် တစ်သျူးများ၏ ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းဆောင်တာများတွင် ပါ၀င်ကူညီပေးပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကောင်းမွန်ဖို့ Folic Acid လိုအပ်သလို စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ သွေးအားကောင်းစေဖို့ သံဓာတ်ဟာအရေးပါသလို ကိုယ်ဝန်ဆောင်ချိန်အတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးကြီးပါတယ်။
အားလုံးပဲ အလှအပရေးရာအတွက် အရေးပါတဲ့ ဗီတာမင် (၇) မျိုး ရဲ့ကောင်းကျိုးအကြောင်း သိရှိသွားပြီလို့ ထင်ပါတယ်။ ပျော်ရွှင်ကျန်းမာ လှပတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ**