❝အမျိုးသမီး ကျန်းမာရေးနှင့် အဖြူဆင်းခြင်း❞ Leave a comment

အမျိုးသမီးမိန်းမကိုယ်ကနေ အဖြူဆင်းတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါပဲ။ အဖြူဆင်းခြင်းက အသက်အရွယ်နဲ့ ရာသီစက်ဝန်းပေါ် မူတည်ပြီး အရောင်၊ အသွေးအသား၊ ပမာဏ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ တစ်ခါတလေ အဖြူရောင်မဟုတ်တဲ့ အရည်တွေဆင်းတဲ့အခါမှာ ရောဂါတစ်ခုခု ခံစားနေရပြီလားဆိုပြီး ဒွိဟဖြစ်တတ်ပါတယ်။
ဒီတော့ မိန်းမကိုယ်မှာ အရည်တွေဆင်းနေပြီဆိုရင် သာမန်ကိစ္စရပ်လား ရောဂါပိုးမွှားကြောင့်လား ဆိုတာ အရောင်၊ အနံ့နံခြင်းနဲ့ အပြစ်အကျဲပမာဏကို ကြည့်ပြီး ကျန်းမာရေးဆန်းစစ်ကြည့်နိုင်ပါတယ်။

ရိုးရိုး အဖြူရောင်
ရာသီစက်ဝန်းအစ သို့မဟုတ် ရာသီပြီးဆုံးချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ပုံမှန်အားဖြင့် အဖြူရောင်အရည်က စေးကပ်တာမျိုးမရှိတဲ့အပြင် အနံ့ပြင်းပြင်းလည်း မရှိပါဘူး။ ဒီလိုအခြေအနေမျိုးက ပုံမှန်ပါပဲ။

အကြည်ရည် အကျဲ
မ မျိုးဥထွက်တဲ့အချိန်မှာ အရည်က အရောင်ကြည်လင်ပြီး စိုစွတ်လာတတ်ပါတယ်။ ဒါကတော့ လိင်စိတ်ထကြွနေချိန် သို့မဟုတ် ကိုယ်ဝန်ရှိနေချိန်မှာ ပိုကြုံတွေ့နိုင်ပါတယ်။ တခါတရံ လှုပ်ရှားမှုများတဲ့အခါမှလည်း အရည်ကြည်ထွက်တတ်ပါတယ်။

အကြည်ရည် အပျစ်
ကြက်ဥအကာလိုမျိုး အကြည်ရောင်ခပ်ပျစ်ပျစ် အရည်တွေက သားဥကြွေချိန်မှာ ဆင်းတတ်ပါတယ်။ သားဥကြွေပြီးမှာ ရာသီလာတာဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။

အညိုရောင် (သို့မဟုတ်) သွေးစပါလာခြင်း
ရာသီစက်ဝန်းအတွင်းနဲ့ ရာသီပြီးခါစမှာ အညိုရောင် (သို့မဟုတ်) သွေးစပါသော အဖြူဆင်းခြင်းကို ခံစားရလေ့ရှိပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက်တွင်လည်း သွေးအနည်းငယ်ဆင်းတတ်ပါသေးတယ်။ ရာသီပေါ်ချိန်မှာ ရာသီသွေးမဆင်းပဲ သွေးစများပါတဲ့ အဖြူဆင်းခြင်းမျိုးဖြစ်လာခဲ့ရင် ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ဖြစ်ပေါ်ခဲ့ရင်တော့ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

အဝါရောင် (သို့မဟုတ်) အစိမ်းရောင်
စိမ်းဝါရောင်ခပ်ပျစ်ပျစ် အရည်ဆင်းပြီး အနံ့အသက်ဆိုးနံခြင်းက ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်ရောဂါပိုးဝင်တဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ အမြန်ဆုံး ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

အဖြူဆင်းတဲ့အခါ မိန်းမကိုယ်တစ်ဝိုက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းနှင့် ပမာဏအများကြီးဆင်းခြင်းတို့ကို ခံစားရပါက ပုံမှန်မဟုတ်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်နော်။

အမျိုးသမီးရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ HOPE TeleCare Myanmar ရဲ့ Messenger မှာ ဆရာဝန်များနဲ့ အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257

Leave a Reply

Your email address will not be published. Required fields are marked *