၀မ်းနည်းပူဆွေးရတဲ့အခါ… Leave a comment

တိုတောင်းလှသောလူ့ဘ၀ကြီးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့အတွက် လူတိုင်းလုပ်ဆောင်နိုင်သည့်အရာဖြစ်တဲ့ ကောင်းမွန်သော Lifestyle တစ်ခုကို‌ပြောင်းလဲနေထိုင်သင့်ပါတယ်။ ယခုလို Covid Pandemic ဖြစ်နေဆဲကာလကြီးထဲမှာ Mask တပ်တာ၊ လက်ဆေးတာ စတဲ့ New Normal Lifestyle တွေက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကျန်းမာပျော်ရွှင်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်နေဖို့ အရေးကြီးပါတယ်၊
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ကတော့…
* လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးပါ။
နေ့စဥ်ပုံမှန် Exercise လုပ်ပေးခြင်းက ခန္ဓာကိုယ် ကျစ်လျစ်လှပစေရုံသာမက နှလုံးကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်၊ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့နော်။
* တစ်နေ့ကို ရေ ၃ လီတာ အနည်းဆုံးသောက်ပေးပါ။
သင့်ခန္ဓာကိုယ် dehydration မဖြစ်စေဖို့ ရေများများသောက်ပေးဖို့အရေးကြီးပါတယ်။ ရေဓါတ်ခမ်းခြောက်ပါက မောပန်းလွယ်ခြင်း၊ နုံးခြင်းများ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရေသောက်ပေးခြင်းက အသားအရေကို စိုပြေလှပစေပါတယ်။
* အာဟာရပြည့်၀သော အစားအသောက်၊ အသီးအနှံ များများစားပေးပါ။
စိမ်းစိုသော အသီးအရွက်များစားပေးခြင်းက Vitamin ပြည့်၀စေရုံသာမက အစာခြေစနစ်ကိုလည်း အထောက်အကူ ပြုပါတယ်။
* တစ်နေ့ ၈နာရီ အနည်းဆုံး ပုံမှန်အိပ်စက်အနားယူပါ။
ပြည့်ပြည့်၀၀ အိပ်စက်ပေးခြင်းက အာရုံစူးစိုက်မှုကောင်းစေပြီး မှတ်ဉာဏ်စွမ်းအားကိုတိုးစေပါတယ်။ Stress များကိုလည်းလျော့နည်းစေပြီး တက်ကြွလန်းဆန်းစေပါတယ်။
* Vitamin C၊ Zinc Supplement ဆေးဝါးများ သောက်သုံးပေးပါ။
အခုလို Pandemic ကာလမှာ ရောဂါပိုးမွှား၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် Immune တက်စေမယ့် ဆေးဝါးများမှီ၀ဲပေးခြင်းက ကျန်းမာရေးအတွက် အဓိကကျအရေးကြီးပါတယ်။
* အရက်၊ ဆေးလိပ် မူးယစ်ဆေးဝါးများ ရှောင်ရှားပါ။
* မူးယစ်ဆေးဝါး သုံးစွဲခြင်းက အသည်း၊ အဆုတ် စတဲ့ Organ များပျက်စီးစေရုံသာမက စိတ်ပိုင်းဆိုင်ရာရော Social skill ကိုပါထိခိုက်စေပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ကတော့…
 စိတ်ဖိစီးမှုများ တတ်နိုင်သမျှနည်းအောင်နေပါ။
တစ်နေ့တာ အတွက်ပဲ အာရုံစူးစိုက်ပါ။ မဖြစ်လာသေးတဲ့ အနာဂါတ်ကို တွေးပူခြင်း၊ ပြီးခဲ့သောကိစ္စများအတွက် ၀မ်းနည်းပူဆွေးခြင်းများ မပြုလုပ်မိအောင်နေပါ။
 Positive thinking (အကောင်းမြင်စိတ်) ထားတတ်အောင် လေ့ကျင့်ယူပါ။
အရာရာတိုင်းကို အကောင်းဘက်က တွေးကြည့်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။ သင့်စိတ်လည်း ပေါ့ပါးရွှင်လန်းလာပါလိမ့်မယ်။
 တရားထိုင်တဲ့ အလေ့အကျင့်လုပ်ပေးပါ။
တစ်နေ့ ၁၅မိနစ်လောက် တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်စေသလို အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။ အဆုတ်နှင့်နှလုံး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
 ချစ်ခင်ရသူတွေ မိဘဆွေမျိုးတွေအတွက် အချိန်ပေးပါ။
လူ့ဘ၀ဆိုတာ တိုတောင်းတဲ့အတွက် မိမိချစ်ခင်ရသူတွေအတွက် များများ အချိန်ပေးပါ။ မိမိအပေါ်မကောင်းတဲ့သူတွေအတွက် အချိန်မဖြုန်းမိပါစေနဲ့ ၊တတ်နိုင်သမျှကင်းအောင်နေပါ။
 ရံဖန်ရံခါ ခရီးထွက်ပေးပါ။
ခရီးထွက်ခြင်းက Stress များကိုလျှော့ချပေးနိုင်သလို ဒေသန္တရ ဗဟုသုတလည်းရစေပါတယ်။ နေရာဒေသ အပြောင်းအလဲကြောင့်စိတ်ပျော်ရွှင်စေပြီး Relax ဖြစ်စေပါတယ်။
 Social media သုံးခြင်းတတ်နိုင်သမျှ နည်းအောင်နေပါ။
Facebook၊ Social Media များသုံးခြင်းထက် အကျိုးဖြစ်စေတဲ့ စာအုပ်စာပေဖတ်ခြင်းကို အချိန်ပိုပေးပါ။ ဗဟုသုတ ကြွယ်၀စေသလို စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။
 မိမိ၀ါသနာပါတဲ့ အရာတစ်ခုခုကို ပြုလုပ်ဖို့ အချိန်ပေးပါ။
ရေကူးခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေ ပြုလုပ်ပေးခြင်းက စိတ်အပန်းပြေပြီး ပျော်ရွှင်စေပါတယ်။
 မိမိကိုယ်ကို Challenge လုပ်တဲ့အနေနဲ့ အသစ်အသစ်များကို လေ့လာသင်ယူပါ။
အဆက်မပြတ်လေ့လာသင်ယူခြင်းက လုပ်ကိုင်နိုင်စွမ်းတိုးတက်ကောင်းမွန်စေပြီး ဘ၀တက်လမ်းအတွက် အရေးပါလှပါတယ်။ လူသားတိုင်းကောင်းမွန်လှပသော Lifestyle တစ်ခုကိုပိုင်ဆိုင်ပြီး အသက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *