တိုတောင်းလှသောလူ့ဘ၀ကြီးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့အတွက် လူတိုင်းလုပ်ဆောင်နိုင်သည့်အရာဖြစ်တဲ့ ကောင်းမွန်သော Lifestyle တစ်ခုကိုပြောင်းလဲနေထိုင်သင့်ပါတယ်။ ယခုလို Covid Pandemic ဖြစ်နေဆဲကာလကြီးထဲမှာ Mask တပ်တာ၊ လက်ဆေးတာ စတဲ့ New Normal Lifestyle တွေက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကျန်းမာပျော်ရွှင်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်နေဖို့ အရေးကြီးပါတယ်၊
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ကတော့…
* လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးပါ။
နေ့စဥ်ပုံမှန် Exercise လုပ်ပေးခြင်းက ခန္ဓာကိုယ် ကျစ်လျစ်လှပစေရုံသာမက နှလုံးကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်၊ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့နော်။
* တစ်နေ့ကို ရေ ၃ လီတာ အနည်းဆုံးသောက်ပေးပါ။
သင့်ခန္ဓာကိုယ် dehydration မဖြစ်စေဖို့ ရေများများသောက်ပေးဖို့အရေးကြီးပါတယ်။ ရေဓါတ်ခမ်းခြောက်ပါက မောပန်းလွယ်ခြင်း၊ နုံးခြင်းများ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရေသောက်ပေးခြင်းက အသားအရေကို စိုပြေလှပစေပါတယ်။
* အာဟာရပြည့်၀သော အစားအသောက်၊ အသီးအနှံ များများစားပေးပါ။
စိမ်းစိုသော အသီးအရွက်များစားပေးခြင်းက Vitamin ပြည့်၀စေရုံသာမက အစာခြေစနစ်ကိုလည်း အထောက်အကူ ပြုပါတယ်။
* တစ်နေ့ ၈နာရီ အနည်းဆုံး ပုံမှန်အိပ်စက်အနားယူပါ။
ပြည့်ပြည့်၀၀ အိပ်စက်ပေးခြင်းက အာရုံစူးစိုက်မှုကောင်းစေပြီး မှတ်ဉာဏ်စွမ်းအားကိုတိုးစေပါတယ်။ Stress များကိုလည်းလျော့နည်းစေပြီး တက်ကြွလန်းဆန်းစေပါတယ်။
* Vitamin C၊ Zinc Supplement ဆေးဝါးများ သောက်သုံးပေးပါ။
အခုလို Pandemic ကာလမှာ ရောဂါပိုးမွှား၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် Immune တက်စေမယ့် ဆေးဝါးများမှီ၀ဲပေးခြင်းက ကျန်းမာရေးအတွက် အဓိကကျအရေးကြီးပါတယ်။
* အရက်၊ ဆေးလိပ် မူးယစ်ဆေးဝါးများ ရှောင်ရှားပါ။
* မူးယစ်ဆေးဝါး သုံးစွဲခြင်းက အသည်း၊ အဆုတ် စတဲ့ Organ များပျက်စီးစေရုံသာမက စိတ်ပိုင်းဆိုင်ရာရော Social skill ကိုပါထိခိုက်စေပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ကတော့…
စိတ်ဖိစီးမှုများ တတ်နိုင်သမျှနည်းအောင်နေပါ။
တစ်နေ့တာ အတွက်ပဲ အာရုံစူးစိုက်ပါ။ မဖြစ်လာသေးတဲ့ အနာဂါတ်ကို တွေးပူခြင်း၊ ပြီးခဲ့သောကိစ္စများအတွက် ၀မ်းနည်းပူဆွေးခြင်းများ မပြုလုပ်မိအောင်နေပါ။
Positive thinking (အကောင်းမြင်စိတ်) ထားတတ်အောင် လေ့ကျင့်ယူပါ။
အရာရာတိုင်းကို အကောင်းဘက်က တွေးကြည့်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။ သင့်စိတ်လည်း ပေါ့ပါးရွှင်လန်းလာပါလိမ့်မယ်။
တရားထိုင်တဲ့ အလေ့အကျင့်လုပ်ပေးပါ။
တစ်နေ့ ၁၅မိနစ်လောက် တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်စေသလို အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။ အဆုတ်နှင့်နှလုံး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
ချစ်ခင်ရသူတွေ မိဘဆွေမျိုးတွေအတွက် အချိန်ပေးပါ။
လူ့ဘ၀ဆိုတာ တိုတောင်းတဲ့အတွက် မိမိချစ်ခင်ရသူတွေအတွက် များများ အချိန်ပေးပါ။ မိမိအပေါ်မကောင်းတဲ့သူတွေအတွက် အချိန်မဖြုန်းမိပါစေနဲ့ ၊တတ်နိုင်သမျှကင်းအောင်နေပါ။
ရံဖန်ရံခါ ခရီးထွက်ပေးပါ။
ခရီးထွက်ခြင်းက Stress များကိုလျှော့ချပေးနိုင်သလို ဒေသန္တရ ဗဟုသုတလည်းရစေပါတယ်။ နေရာဒေသ အပြောင်းအလဲကြောင့်စိတ်ပျော်ရွှင်စေပြီး Relax ဖြစ်စေပါတယ်။
Social media သုံးခြင်းတတ်နိုင်သမျှ နည်းအောင်နေပါ။
Facebook၊ Social Media များသုံးခြင်းထက် အကျိုးဖြစ်စေတဲ့ စာအုပ်စာပေဖတ်ခြင်းကို အချိန်ပိုပေးပါ။ ဗဟုသုတ ကြွယ်၀စေသလို စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။
မိမိ၀ါသနာပါတဲ့ အရာတစ်ခုခုကို ပြုလုပ်ဖို့ အချိန်ပေးပါ။
ရေကူးခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေ ပြုလုပ်ပေးခြင်းက စိတ်အပန်းပြေပြီး ပျော်ရွှင်စေပါတယ်။
မိမိကိုယ်ကို Challenge လုပ်တဲ့အနေနဲ့ အသစ်အသစ်များကို လေ့လာသင်ယူပါ။
အဆက်မပြတ်လေ့လာသင်ယူခြင်းက လုပ်ကိုင်နိုင်စွမ်းတိုးတက်ကောင်းမွန်စေပြီး ဘ၀တက်လမ်းအတွက် အရေးပါလှပါတယ်။ လူသားတိုင်းကောင်းမွန်လှပသော Lifestyle တစ်ခုကိုပိုင်ဆိုင်ပြီး အသက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…
Reference: https://www.mfine.co/article/tips-for-2022