အမျိုးသားများ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ရရှိနိုင်ရန် လိုက်နာသင့်သည်များ Leave a comment

အားလုံးပဲမင်္ဂလာပါ။
ယခုအခါမှာတော့ အမျိုးသားများ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ရရှိနိုင်ရန်အတွက် အမျိုးသားကျန်းမာရေးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ သုတေသနစာတမ်းများအရ အမျိုးသားများသည် အမျိုးသမီးများထက် သေဆုံးနှုန်းပိုမိုမြင့်မားသည့်အတွက် ကျန်းမာရေးလိုက်စားရန် ပိုမိုလိုအပ်ပါသည်။ အမျိုးသားများသည် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ရရှိနိုင်ရန်အတွက် အောက်ပါအလေ့အကျင့်များကို နေ့စဉ်ပုံမှန်ပြုလုပ်ရန်လိုအပ်ပါသည်။
(၁) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို စားသုံးပါ။
(၂) ကိုယ်အလေးချိန်ပုံမှန်ရှိပါစေ။
(၃) နေ့စဉ် အိပ်ချိန် ၇-၈ နာရီ ပုံမှန်ရှိရန်လိုအပ်ပါသည်။
(၄) ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပေးပါ။
(၅) ဆေးလိပ် နှင့် အရက် အလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
(၆) ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။
(၇) စိတ်ဖိစီးမှုများကိုတတ်နိုင်သလောက် လျော့ချသင့်ပါသည်။
အသက် ၅၀ ကျော်သော အမျိုးသားများတွင် အောက်ပါရောဂါများပိုမိုဖြစ်ပွားတတ်ပါသည်။
၁- နှလုံးရောဂါ၊
၂- သွေးတိုး၊
၃- ဆီးချို၊
၄- သွေးတွင်းအဆီဓါတ်များခြင်း၊
၅- အရိုးပွရောဂါ၊
၆- စိတ်ဓါတ်ကျရောဂါ၊
၇- အယ်ဇိုင်းမားရောဂါ နှင့်
၈- ကင်ဆာရောဂါများ အဖြစ်များတတ်ပါသည်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်သည်ဖြစ်သောကြောင့် အထက်တွင်ဖော်ပြခဲ့သော ကျန်းမာသောအလေ့ကျင့်များလုပ်ဆောင်ရန်လိုအပ်သည့်အပြင် အားဆေးနှင့်ဖြည့်စွက်အာဟာရများလဲ မှီဝဲရန်လိုအပ်ပါသည်။
LifePlus ဆိုင်ခွဲများတွင် အမျိုးသားများအတွက် လိုအပ်သော အားဆေးများဖြစ်သော-
✅Opti Man
✅Multimax for Man
✅Mega Man
✅Well Man နှင့် အခြား Multivitamin အားဆေးများလဲရရှိနိုင်ပါပြီ။ အားလုံးပဲ မိမိတို့ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင် သာယာသော မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။
**ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *