အားလုံးပဲ မင်္ဂလာပါရှင့်…
အသားအရေအမျိုးအစား တစ်ခုချင်းစီတိုင်းမှာ ပုံစံတစ်မျိုးစီရှိတတ်ကြပါတယ်။ အဆီဂလင်းကနေ အဆီထုတ်လုပ်မှုများတဲ့အခါ အသားအရေဟာ အဆီတွေနဲ့ပြောင်နေပြီး ချွေးပေါက်ကျယ်ကာ ဆားဝက်ခြံတွေအပြင် ၀က်ခြံတွေပါထွက်တတ်ပါတယ်။ မျိုးရိုးဗီဇ၊ ရာသီဥတု၊ စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ အစရှိတဲ့အကြောင်းရင်းများစွာကြောင့်လဲ မျက်နှာအဆီပြန်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေမှာဆိုရင်တော့ ဒီလိုအချက်လေးတွေ ဖြစ်တတ်ပါတယ်။
- အသားအရေက အဆီကြောင့် ပြောင်ပြောင်လေးဖြစ်နေမယ်၊
- ထိလိုက်ရင် စေးကပ်ကပ်ဖြစ်နေမယ်၊
- ချွေးပေါက်လေးတွေ ကျယ်နေမယ်( လိမ္မော်ခွံလိုမျိုး အပေါက်လေးတွေမြင်နေရမယ်)၊
- ဘာပဲ လူးထားပါစေ မျက်နှာမှာ ကြာကြာမခံဘူးဆိုရင်တော့ အဲ့ဒီအသားအရေပိုင်ရှင်ကို အဆီပြန်တဲ့ အသားအရေပိုင်ရှင်လို့ဆိုနိုင်ပါတယ်။
အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းလေးများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုတာ သေချာသွားပြီဆိုရင်တော့ ဒီအဆင့်လေးတွေကို ဆက်လက်လုပ်ဆောင်ရပါမယ်နော်။
(၁) Foam Cleanser နဲ့ရေနွေးကို အသုံးပြုပြီး တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။
(၂) Alcohol-free toner ကိုအသုံးပြုပါ။
(၃) တစ်ပတ်ကို တစ်ကြိမ် Scrub လုပ်ပေးပါ။
(၄) တစ်ပတ်ကို တစ်ကြိမ် မျက်နှာပေါင်းတင်ပေးပါ။
(၅) Moisturizer ကိုပုံမှန် အသုံးပြုပေးပါ။