အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း အစားအစာကို စနစ်တကျ စားသုံးရင် အစာထဲက အာဟာရဓာတ်တွေ အပြည့်အဝရပြီး ကျန်းမာရေးနဲ့ညီညွတ်မှာ အမှန်ပါပဲ။ ဒါပေမယ့် အစားအစာတွေကို သေချာမကိုင်တွယ်တဲ့အခါ ခန္တာကိုယ်အတွက် အန္တရာယ်ဖြစ်နိုင်တာကိုလည်း သတိထားရပါမယ်နော်
အစားအစာ မသန့်ရှင်းတဲ့အခါ
– ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် ၊ ကပ်ပါးကောင် ၊မှိုပိုး စတာတွေက အစားအစာမှာ ကပ်တွယ်နိုင်ပါတယ်။
– မသန့်ရှင်းတဲ့ ပိုးပါတဲ့ အစာစားမိတဲ့အခါ အစာအဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။
– အထူးသဖြင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ခုခံအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။
အစာအဆိပ်သင့်တာ ဘယ်လိုလက္ခဏာတွေ ပြမလဲ?
ဖြစ်စေတဲ့ ပိုးပေါ် လိုက်ပြီး လက္ခဏာ အနည်းအများကွဲပြားနိုင်ပါတယ်။ အတွေ့များတဲ့ လက္ခဏာတွေကတော့ ဗိုက်မအီမသာဖြစ်တာ ၊ ဗိုက်အောင့်တာ၊ ဗိုက်ရစ်နာတာ၊ ပျို့ချင်အန်ချင်တာ ၊ အန်တာ၊ ဝမ်းလျှောတာ၊ဖျားတာ တို့ပဲ ဖြစ်တတ်ပါတယ်။
အစာအဆိပ်သင့်တာကနေ ဘာတွေဖြစ်နိုင်လဲ ?
အများစုကတော့ ဆိုးဆိုးရွားရွားခံစားရတာမျိုး မရှိတတ်ပါဘူး။ တချို့လူတွေမှာတော့ ဆေးရုံတက်ပြီး ကုသဖို့လိုအပ်နိုင်သလို နာတာရှည် အရိုးအဆစ်ရောင်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ခြင်း၊ကျောက်ကပ်ထိခိုက်ခြင်း စတဲ့ နာတာရှည်ပြဿနာတွေ ခံစားရတာလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် အစားအစာ ဘေးအန္တရာယ် ကာကွယ်ဖို့ …
အစားအစာချက်ပြုတ်တဲ့ နေရာပတ်ဝန်းကျင်ကို သေချာ သန့်စင်ပါ၊ သန့်ရှင်းအောင်ထားပါ။
အစားအစာမပြင်ဆင်ခင် ပြင်ဆင်နေစဉ် ပြင်ဆင်ပြီးချိန် မစားခင် စတဲ့အချိန်တွေတိုင်းမှာ လိုအပ်သလို လက်ကို အနည်းဆုံး စက္ကန့်၂၀စာ ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးကြောပါ။
အစားအစာပြင်ဆင်တဲ့ ချက်ပြုတ်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းကိရိယာအားလုံးကိုလည်း ဆေးကြောသန့်စင်ပါ။
မေ့လေ့မေ့ထရှိတာ လက်နှီးစုတ်ပါ လက်နှီးစုတ်တွေကိုလည်း လဲပေးဖို့ လျှော်ဖွတ်ပေးဖို့ မမေ့ပါနဲ့။
စဥ်းတီတုံးကို အသားစိမ်း၊ငါးစိမ်း တင်လှီးတာနဲ့ အသီးအရွက် လှီးတာ သက်သက်စီထားနိုင်ရင် ပိုကောင်းပါတယ်။
သိမ်းဆည်းတဲ့နေရာမှာ သားစိမ်းငါးစိမ်း စတာတွေကို အသီးအရွက်၊ သစ်သီးတွေနဲ့ ရောမထားပါနဲ့။
သတ်မှတ်တဲ့ အပူချိန်တစ်ခုနဲ့ အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပါ။
ရေခဲသေတ္တာမှာ အအေးခံသိမ်းဆည်းတဲ့အခါ 40ံF နဲ့အောက်မှာ ထားဖို့လိုပါတယ်။
အစားအစာတွေ ပုပ်သိုးမှုမရှိခင် ပစ်ထုတ်ဖို့လိုမလိုဆိုတာလည်း ရေခဲသေတ္တာကို အမြဲစစ်ဆေးပါ။
အစားအစာတွေရဲ့ expired date ကိုလည်း အမြဲစစ်ဆေးကြည့်ဖို့အတွက်လည်း မှာချင်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး HOPE TeleCare Myanmar မှ ဆရာဝန်များနှင့်လည်း မနက်၈နာရီမှ ည၁၀နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
https://m.me/hopetelecaremyanmar
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
#LifePlus
#EnrichingHealth #EnhancingBeauty