ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ???🫗🥛 Leave a comment

ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ???🫗🥛

နေ့တိုင်းသောက်နေရတဲ့ ရေကသင့်ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ် ။ 💦
သောက်သုံးတဲ့ရေပမာဏက အသက်အရွယ်၊ လိင်၊ ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ ဆေးဘက်ဆိုင်ရာအခြေအနေတွေလို အချက်တွေအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ရေ (၆၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က အချက်ပေးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက်အထိ သောက်သုံးပေးသင့်ပါတယ် ။🫗
ရေသောက်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့အချက်လက်များ ——

🔆 ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ် ။
💦 ဆီးနဲ့ ချွေးတွေကတဆင့် အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ် ။
💪 ရေက အာဟာရဓာတ်စုပ်ယူမှုကို ကူညီပေးပါတယ် ။
🍱 အစာခြေဖျက်ခြင်းကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ် ။
🍀 စိတ်ခံစားချက်နဲ့ အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ် ။
❤️ ခန္ဓာကိုယ်အတွင်းက အီလက်ထရိုလစ်ဓာတ်တွေ ညီမျှစေပါတယ် ။

ဒါတွေကြောင့် ရေကအရေးကြီးတာမို့ ရေသောက်မပျင်းကြပါနဲ့နော် ။ LifePlus ကာကာတို့ရော ဒီနေ့အတွက်ရေ ဘယ်နှခွက်သောက်ပြီးကြပြီလဲ ????💞

#LifePlus
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *