ရယ်လိုက်တိုင်း အပြုံးလေးတွေ လင်းလဲ့တောက်ပနေစေဖို့… Leave a comment

လှပတဲ့ သွားတွေဟာ ဒီနေ့ခေတ်လို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်ကြီးမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် လူတော်တော်များများက သူတို့ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာကြတာကိုတွေ့ရပါတယ်။ သွားတွေဟာ လူတစ်ဉီးနဲ့တစ်ဉီး တွေ့တဲ့အခါမှာ ပထမဆုံး သတိပြုမိခံရတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ မိမိကိုယ်ကို ယုံကြည်ချက်အတွက် အရေးပါတဲ့ အရာတစ်ခုလည်း ဖြစ်ပါသေးတယ်။ ဒါ့ကြောင့် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်သာမက အသွင်အပြင်အတွက်ပါ အရေးကြီးတဲ့ သွားတွေကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ရယ်လိုက်တိုင်း အပြုံးလေးတွေ လင်းလဲ့တောက်ပနေစေဖို့ သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် လေးများကို မျှဝေပေးသွားမယ်နော်…
1. Fluoride ပါဝင်သော သွားတိုက်ဆေးကိုရွေးချယ်ပါ။ Fluoride ဟာဆိုရင် သွား၏ကြွေလွှာကို ပိုမိုခိုင်မာစေသည့်အပြင် သွားအခေါင်းပေါက်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ယနေ့ခေတ် စျေးကွက်မှာတော့ Fluoride ပါတဲ့သွားတိုက်ဆေးကို အလွယ်တကူ ရှာဝယ်လို့ရနေပြီနော်။
2. တစ်နေ့ကို အနည်းဆုံး သွားနှစ်ကြိမ် တိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း အနည်းဆုံး “နှစ်မိနစ်” လောက်ကြာအောင်တိုက်ပေးပါနော်။
3. ပြီးရင် “Dental Floss” လေးနဲ့ သွားကြားမှာ ကျန်နေတတ်တဲ့ အစားအသောက် အကြွင်းအကျန်လေးများကို သန့်ရှင်းရေးလုပ်ပေးပါနော်။ ( အဲ့ဒီအကြွင်းအကျန်လေးတွေ စုပုံသွားတဲ့ခါ သွားကျောက်တည်ခြင်း၊ သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းများကို လွယ်လင့်တကူ ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ပဲဖြစ်ပါတယ်။) အဲ့ဒီ Dental Floss လေးတွေကိုလည်း Lifeplus ဆိုင်ခွဲတိုင်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်နေပြီနော်… ???
4. ဒါ့အပြင် ဆေးရွက်ကြီးသုံးစွဲခြင်း၊ ကွမ်းအလွန်အကျွံစားခြင်း၊ ဆေးလိပ်သောက်ခြင်း ဟာလည်း သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိခိုက်စေတာမလို့ တတ်နိုင်သလောက်ရှောင်ကြဥ်ပေးဖို့လည်း လိုပါတယ်နော်။
“YOU CAN KEEP YOUR TEETH FOR YOUR LIFETIME!!”
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာ ဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *