မိုးရာသီမှာ တုပ်ကွေးကာကွယ်ဆေး ဘာကြောင့်ထိုးသင့်လဲ? Leave a comment

မိုးရာသီမှာ ဘာကြောင့်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်လဲ?
ယနေ့မှာတော့မိုးရာသီကာလကို ကူးပြောင်းလာပြီဖြစ်သည့်အတွက် မိုးရာသီတွင်ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့ Flu Vaccine (တုပ်ကွေးရောဂါ ကာကွယ်ဆေး) နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး Influenza vaccine ကို Influenza (flu) virus ကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါကိုကာကွယ်ရန် အသုံးပြုသည်။ တုပ်ကွေးသည် အထူးသဖြင့်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ကျန်းမာရေးပြဿနာရှိသူများတွင် ပြင်းထန်သောနာမကျန်းမှုကို ဖြစ်စေနိုင်သော်လည်း မည်သူမဆိုတုပ်ကွေးဗိုင်းရပ်စ်ကြောင့် ပြင်းထန်စွာနေမကောင်းဖြစ်နိုင်သည်။ မဖျားနာသော်လည်း တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ပြီး တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်မှုကိုလျှော့ချရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးပေးသင့်လဲ?
တစ်နှစ်ပတ်လုံးတုပ်ကွေး ဗိုင်းရပ်စ်ပိုးများနှင့် ထိတွေ့နိုင်ခြေရှိသော်လည်း မိုးရာသီတွင်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်နိုင်ခြေမှာ အမြင့်ဆုံးဖြစ်သည်။ လူအများစုအတွက် တုပ်ကွေးကာကွယ်ဆေးထိုးရန် အကောင်းဆုံးအချိန်သည် မိုးရာသီမစတင်မီအချိန်တွင်ဖြစ်ပြီး တုပ်ကွေးကာကွယ်ဆေး ထိုးသင့်သောအချိန်ကာလသည် ဧပြီလမှဇွန်လ အတွင်းဖြစ်သည်။ ကာကွယ်ဆေးအပြည့်အဝ ထိရောက်မှုရှိစေရန် ကာကွယ်ဆေးထိုးပြီး ၂ ပတ်ခန့်ကြာမြင့်ပါသည်။ တုပ်ကွေးကာကွယ်ဆေးကို ဘယ်သူထိုးသင့်လဲဆိုရင်ဖြင့် အသက် ၆ လအထက်မည်သူမဆို တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်များအနေနှင့်လည်း (မည်သည့် သုံးလပတ်မဆို) တုပ်ကွေးရောဂါ ကာကွယ်ဆေးကိုထိုးနိုင်ပါသည်။ အရွယ်ရောက်ပြီးသူများနှင့် ၉ နှစ်အထက်ကလေးများ ကာကွယ်မှုရရှိရန် ကာကွယ်ဆေး တစ်ကြိမ်ထိုးရန်သာ လိုအပ်သော်လည်း အသက် ၆ လမှ ၉ နှစ်အောက်ကလေးများ ကာကွယ်ဆေးနှစ်ကြိမ် ထိုးရန်လိုအပ်ပါသည်။ ပထမအကြိမ်ပြီးနောက် အနည်းဆုံး ၄ ပတ်အကြာတွင် ဒုတိယဆေး ကိုထိုးပေးရပါမည်။ ယခင်ကတုပ်ကွေးကာကွယ်ဆေးကို အချိန်မရွေးထိုးဖူးသော အသက် ၆ လမှ ၉ နှစ်အောက် ကလေးများသည် တစ်ကြိမ်တည်းသာ လိုအပ်ပါသည်။
ယခင်ကတုပ်ကွေးကာကွယ်ဆေးကို ထိုးပြီးနောက်ပြင်းထန်သော ဓါတ်မတည့်မှုရှိခဲ့ပါက အခြားတုပ်ကွေး ကာကွယ်ဆေးမထိုးမီ ဆရာဝန်ကိုအသိပေးသင့်ပါသည်။ အဖျားရှိနေပါက (သို့) နေမကောင်းပါက၊ နေကောင်းသည့်အချိန်အထိ ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းရန်ဆရာဝန်မှ အကြံပြုပေးနိုင်ပါသည်။ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးရန် လိုအပ်ရခြင်းအကြောင်းမှာ ဖြစ်နိုင်ချေရှိသော တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲများနှင့် ကိုက်ညီရန်လိုအပ်သောကြောင့် ဖြစ်ပါသည်။ ရံဖန်ရံခါတွင် ကာကွယ်ဆေးမျိုးကွဲများသည် တစ်နှစ်ထက်ပို၍ တူညီသော်လည်း ကာကွယ်ဆေးက အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်မှုလျော့နည်းသွားသောကြောင့် ကာကွယ်ဆေးကို နှစ်စဉ်ထိုးထားရန် အကြံပြုထားပါသည်။
ကာကွယ်ဆေးကို လက်မောင်းပေါ်ရှိ ကြွက်သားထဲသို့ ထိုးသွင်းပေးနိုင်သကဲ့သို့ ပုံမှန်ထက်ပို၍ သွေးထွက်လွယ်စေသည့် အခြေအနေရှိပါက သင့်အရေပြားအောက် ထိုးဆေးအဖြစ်ပေးနိုင်ပါသည်။ ကလေးငယ်များကို ၎င်းတို့၏ ပေါင်တစ်ဖက်တွင် ထိုးပေးနိုင်ပါသည်။ ဆေးဝါးအားလုံးကဲ့သို့ပင် တုပ်ကွေးကာကွယ်ဆေးသည် လူတိုင်းတွင်မဖြစ်နိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများ လက်ခံရစေနိုင်သည်။ သင့်ခန္ဓာကိုယ်က ဆေးဝါးအသစ်ကို လက်ခံအသုံးပြုလာတာကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သည်။ တုပ်ကွေးကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများသည် ယေဘုယျအားဖြင့် အပျော့စားဖြစ်ပြီး ရက်အနည်းငယ်အတွင်း သူ့ဘာသာသူ ပျောက်ကင်းပါသည်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် အချိုသောဘေးထွက်ဆိုးကျိုးများမှာ ဆေးထိုးသည့်နေရာတစ်ဝိုက်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း (သို့မဟုတ်) နီခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ပျိုခြင်း၊ ကြွက်သား ကိုက်ခဲခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်ပါသည်။ ကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးသည့်နေရာကို ပွတ်ချေခြင်းမပြုလုပ်ရပါ။ ထို့အပြင် ပါရာစီတမောကို ပုံမှန်အသုံးပြုခြင်းအား မထောက်ခံသော်လည်း လိုအပ်ပါကအသုံးပြုနိုင်ပါသည်။ အရေပြား နီမြန်းခြင်း၊ ယားယံခြင်း၊ အရည်ကြည်ဖု များထွက်ခြင်း၊ အရေပြား ပေါက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်းများ ရောင်ရမ်းခြင်း၊ ပါးစပ် သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကဲ့သို့သော ဓာတ်မတည့်မှုဆိုင်ရာ လက္ခဏာများမှာအလွန်ရှားပါးသော်လည်း လက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်ကို ချက်ချင်းပြသင့်ပါသည်။
Vaxigrip tetra ကို Freezer အကန့်မဟုတ်သော ရိုးရိုးရေခဲသေတ္တာအကန့်တွင် (2°C to 8°C) အပူချိန်အတွင်း သိမ်းဆည်းမှသာ အာနိသင်အပြည့်အဝရပြီး သက်တမ်းမကုန်ခင်အထိ စိတ်ချလက်ချအသုံးပြုလို့ ရမှာဖြစ်တဲ့အတွက်ထိန်းသိမ်းရာတွင် ဂရုစိုက်သင့်တဲ့အချက်ဖြစ်ပါသည်။ အခုလိုကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်ပုံတွေကို ပြောပြပေးပြီးပြီဆိုတော့ Myanmar FDA Approval ရရှိထားပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းဖြင့်အညီ စနစ်တကျသိုလှောင်ထားသော တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ကို LifePlus Health & Beauty ဆိုင်ခွဲတိုင်းတွင် ၀ယ်ယူရရှိနိုင်ကြောင်းကိုလည်း သတင်းကောင်းပါးချင်ပါတယ်။ Online မှမှာယူလိုပါက Cold chain ဖြင့် စနစ်တကျ ပို့ဆောင်ပေးတာဖြစ်လို့ 09-954262112 သို့ဆက်သွယ်မှာယူနိုင်ပါသည်။
Reference by: healthnavigator.org.nz

Leave a Reply

Your email address will not be published. Required fields are marked *