ဘေဘီလေးအတွက် ကျန်းမာရေး Leave a comment

ဘေဘီလေးအတွက် ကျန်းမာရေး
မိခင်လောင်းရယ်လို့ ဖြစ်လာရင် အနေ အထိုင် အသွားအလာ က အစ စတင် ဂရုစိုက်လာရပါတယ်။ အရေးကြီးဆုံးကတော့ မိမိရဲ့ ရင်သွေးငယ် ဘေဘီလေးရဲ့ ကျန်းမာရေးပါပဲ။ ဒီတော့ ဘေဘီလေးနဲ့ ပတ်သတ်ပြီး ဗဟုသုတ အချို့ကို ပြောပြပေးပါမယ်နော်။
ဆောင်ရွက်ရန် အချက်များ
-ဘေဘီလေး နှစ်ခြိုက်စွာ အိပ်စက်စေဖို့ ကျောဘက်ခြမ်း ကို ကြမ်းပြင်နှင့်ထိ၍(ပက်လက်အနေအထားဖြင့်)သာ အိပ်စေရပါမယ်။
-အိပ်ယာ ခင်း များကိုလဲ သီးသန့် အသုံးပြုထားရပါမယ်။
-အိပ်ယာခင်း ဘေးမှာ နူးညံ့သော ခေါင်းအုံး ဖက်လုံးများ ထားပေးရပါမယ်။
-ဘေဘီလေးကို မကိုင်ခင် မိမိလက်ကို သေချာစွာ ဆေးကြောထားရပါမယ်။
-ဘယ်သော အခါမှ ဘေဘီလေးကို လှုပ်ခါပြီး မထိန်းရပါ။ ဦးနှောက်ထဲ သွေးရောက်ပြီး သေစေနိုင်ပါတယ်။
-cotton balls,wash cloth or wipes များနဲ့ ဘေဘီ လေးကို သန့်ရှင်းရေး လုပ်ရပါမယ်
-အနီစက်များ,အဖုအပိတ် များဖြစ်ပါက babe mild powder or zinc oxide cream lotion များ လိမ်းထားရပါတယ်။Diapers (Lovely babe,MamyPoko)များကိုလဲ ဝမ်းသွားပြီးတိုင်း အမြဲ လဲလှယ် ဝတ်ဆင်ရပါမယ်
-ဘေဘီလေးများကို မိခင်နို့ ၂နာရီကြား ၃နာရီကြား တခါ တိုက်သင့်ပါတယ် ဒါဆိုရင်တော့ မေမေတို့အတွက် လုံလောက်မယ် ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *