တုပ်ကွေးကာကွယ်ဆေးထိုးရခြင်း၏ အကျိုးကျေးဇူးများနှင့်ဆောင်ရန်ရှောင်ရန်များ Leave a comment

တုပ်ကွေးကာကွယ်ဆေးထိုးရခြင်း၏ အကျိုးကျေးဇူးများနှင့်ဆောင်ရန်ရှောင်ရန်များ
တုပ်ကွေးသည် နှာခေါင်း၊ လည်ချောင်းနှင့် တခါတရံ အဆုတ်တို့ကို ကူးစက်စေသော တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားစေသည့် ကူးစက်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။ အပျော့စား ၊ အပြင်းစား မှစ၍ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာ သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်၊
အခုလိုမိုးရာသီမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါကို ကာကွယ်ဖို့ဆိုရင် Inactivated quadrivalent influenza vaccine 2022 ဖြစ်တဲ့ Vaxigrip Tetra Flu Vaccine ရှိတယ်ဆိုတာလေး လည်း မမေ့ကြနဲ့နော်။
Vaxigrip Influenza type A < H1 N1 Virus >, < H3 N2 Virus > နှင့် Influenza Type B < Michigan, Phuket > စတဲ့ ရာသီတုပ်ကွေး Virus Strain (4) မျိုးကို ကာကွယ်နိုင်ပါတယ်။
Vaxigrip tetra (0.5 ml) ကို ထိုးသင့်သူများကတော့ ကိုယ်ဝန်ဆောင်မိခင် (မည်သည့် ရက်သတ္တပတ်မဆို), နို့တိုက်မိခင်များ၊ အသက် ၆ လမှ ၅ နှစ်အထိကလေးများ၊ အသက် ၅ နှစ်နှင့် ၆၅ နှစ်အထက် လူကြီးများသည် ကာကွယ်ဆေးတစ်ကြိမ်ထိုးရုံနှင့် လုံလောက်ပါသည်။ သို့သော် အသက် ၆ လမှ ၉ နှစ်အထိ ကလေးများသည် ယခင်နှစ်များတွင် ကာကွယ်ဆေးမထိုးဖူးသူ ဖြစ်ပါက ပထမအကြိမ်ထိုးပြီး ၄ ပတ်အကြာတွင် ဒုတိယတစ်ကြိမ် ကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးနှင့်ဆက်စပ်သော ဆေးရုံတက် ရမည့် အန္တရာယ်ကို လျှော့ချနိုင်သည်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် နှစ်စဉ် ထောင်နှင့် ချီသော ဆေးရုံတက်ရခြင်းကို တားဆီးပေးသည်။ ဥပမာအားဖြင့်၊ 2019-2020 ခုနှစ်အတွင်း တုပ်ကွေး ကာကွယ်ဆေးထိုးထားချိန်တွင် တုပ်ကွေးနှင့်ပတ်သက်သော ဆေးရုံတက်ကုသမှုပေါင်း 105,000 ခန့်ကိုတားဆီးနိုင်ခဲ့သည်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် အချို့သောနာတာရှည်ကျန်းမာရေးအခြေအနေ ရှိသူ များအတွက် အရေးကြီးသောကာကွယ်မှုတစ်ခုဖြစ်သည်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် နှလုံးရောဂါရှိသူများ၏ လျော့ချနိုင်မှုနှုန်းထားများ နည်းပါးလာခြင်းကို လေ့လာသူများကတွေ့ရှိရပါသည်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးနှင့်ဆက်နွှယ်သော နာတာရှည်အဆုတ် ရောဂါ (ဥပမာ၊ ဆေးရုံတက်ရန် လိုအပ်သောနာတာရှည်အဆုတ်ရောဂါ (COPD) ၏ တုပ်ကွေးနှင့် ဆက်စပ်သော ပိုဆိုးလာမည့်အန္တရာယ်ကို လျှော့ချနိုင်သည်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်ဝန်ရှိပြီးနောက်တွင် ကိုယ်ဝန်ရှိသူများကို ကာကွယ်ပေးသည်။
ကာကွယ်ဆေးထိုးခြင်းသည် ကိုယ်ဝန်ဆောင်သူများတွင် တုပ်ကွေးနှင့်ဆက်စပ်သော စူးရှသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်နိုင်ခြေကို တစ်ဝက်ခန့်လျှော့ချပေးသည်။
ဆေးအာနိသင်ကတော့ ဆေးထိုးပြီး ၂ ပတ် ၃ ပတ်မှာ စပြီးပြတာကိုလည်း လေ့လာသူ တွေက တင်ပြထားတာတွေ့ ရပါတယ်။ ဆေးထိုးပြီး ၁-၄ ရက်အတွင်းမှာ ခံစားရမှာလေးတွေကတော့ အများသိတဲ့ ကာကွယ်ဆေးထိုးပြီး လက္ခဏာတွေဖြစ်တဲ့ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ နုန်းမယ်၊ ကိုယ်လက် ကိုက်ခဲနေမယ်။ တစ်ခါတစ်ရံ လည်ချောင်းနာပြီး ချောင်းဆိုးမယ်၊ တစ်ချို့က ဝမ်းလျှော တာမျိုးတေွ ဖြစ်တာကို တွေ့ရတတ်ပါတယ်။ ခေါင်းကိုက်တာကတော့ လူကြီးမှာ 27.8% အထိ တွေ့ရတတ်ပါတယ်။ ကလေးတွေမှာ ဆေးထိုးတဲ့နေရာယောင်နေတတ်တာမျိုးကို (10.7%) လောက် အထိ တွေ့ရတတ်ပြီး မစိုးရိမ်ရပါဘူး၊။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိသင့်သလောက် ပြောပြပြီးပြီမို့ ပြင်သစ်နိုင်ငံမှာ ထုတ်လုပ်ပြီး DKSH ကုမ္ပဏီမှ တရားဝင်တင်သွင်း၍ Myanmar FDA မှတ်ပုံတင် ရရှိထားပြီးဖြစ်သည့် လေးမျိုးစပ်ရာသီတုပ်ကွေး ကာကွယ်ဆေး 2022 Vaxigrip tetra ကို ရန်ကုန်နှင့် မန္တလေးမြို့ မှာရှိတဲ့ LifePlus Health & Beauty ဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းကိုလည်း သတင်း ကောင်းပါးလိုက်ပါရစေ။
Flu Vaccine များအပြင် အခြားသောအအေးခန်းတွင် သိမ်းဆည်းထားရမည့် ဆေးဝါးများကို လည်း LifePlus ဆေးဆိုင်များတွင် ဆေးအာနိသင်ပြည့်ဝမှု ရရှိစေရန် Cold Chain (အအေးခန်း)တွင် သတ်မှတ်ထားသော အပူချိန် အတွင်း စနစ်တကျ သိမ်းဆည်း၍ ရောင်းချပေး နေတာဖြစ်သောကြောင့် 100% စိတ်ချနိုင်ပါသည်။
Online မှ မှာယူလိုပါကလည်း Customer Care Ph No. 09954262112 သို့ဆက်သွယ်မှာယူနိုင်ပါသည်။
#Vaxigrip Tetra (2022) – Available Now!

Leave a Reply

Your email address will not be published. Required fields are marked *