အလွန်ပူပြင်းတဲ့ နွေရာသီမှာ အသားအရေတွေက တော်တော်များများ ပျက်စီးကြပါတယ် ။ ဒါပေမယ့် ပျက်စီးမှထိန်းသိမ်းတာထက်စာရင် မပျက်စီးသေးခင်မှာ ထိန်းသိမ်းတာက ပိုပြီးကောင်းမွန်ပါတယ် ။ ဒါကြောင့် နွေပူပူကို အံတုပြီး အသားအရေကိုလှပစေနိုင်မယ့် အသားအရေ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို မျှေဝပေးလိုက်ပါတယ်ရှင် ။
( ၁ ) Sunscreen လိမ်းပေးပါ ။
Sunscreen တွေက ပုံမှန် Daily လည်းအသုံးပြုနေရပေမယ့် နွေရာသီမှာဆိုရင် ပိုပြီးအသုံးပြုပေးသင့်ပါတယ် ။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်မယ့် SPF 30-50 ရှိမယ့် Sunscreen တွေကို ရွေးချယ်ပေးသင့်ပါတယ် ။
( ၂ ) Moisturizer အသုံးပြုပေးပါ ။
နွေရာသီမှာလည်း အသားအရေက ခြောက်သွေ့တတ်တာမို့ Moisturizer ကိုပုံမှန် အသုံးပြုပေးသင့်ပါတယ် ။
( ၃ ) ရေများများ သောက်သုံးပေးပါ ။
ရေဓာတ်ဆုံးရူံးရင် အသားအရေက မွဲခြောက်ကြမ်းတမ်းတာတွေ ဖြစ်တတ်တာမို့ ရေကိုလည်းများများ သောက်သုံးပေးသင့်ပါတယ် ။
( ၄ ) အသားအရေကို ပုံမှန်သန့်စင်ပေးပါ ။
နွေရာသီက ပုံမှန်ထက်ပိုပူတတ်ပြီး လမ်းမပေါ်မှာရှိတဲ့ ဖုန်မူန့်တွေနဲ့အတူ ချွေးတွေကရောပြီး အညစ်ကြေးတွေ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် မျက်နှာကို သေချာသန့်စင်ပေးဖို့လည်း လိုအပ်ပါတယ် ။
( ၅ ) ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ ။
အသားအရေအတွက် လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပေးမယ့် လတ်ဆတ်တဲ့အသီးအရွက်နဲ့ အရည်ရွှမ်းတဲ့ အသီးအရွက်တွေကို စားသုံးပေးသင့်ပါတယ် ။
အထက်ပါ အချက်လေးတွေကတော့ LifePlus မိတ်ဆွေတို့အတွက် နွေရာသီမှာ အသားအရေလှပအောင် ထိ်န်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို မျှေဝပေးခဲ့တာဘဲ ဖြစ်ပါတယ်ရှင် ။
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”
#LifePlus_BeautyTips
#EnrichingHealth
#EnhancingBeauty