နွေရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ ???
LifePlus မိတ်ဆွေတို့ရေ အခုဆိုရင်တော့ ပူပြင်းလှတဲ့ နွေရာသီကိုရောက်ရှိလာပြီဘဲ ဖြစ်ပါတယ် ။ အစားမတော်တစ်လုတ် အသွားမတော်တစ်လှမ်း ဆိုတဲ့အတိုင်း ပူပြင်းတဲ့ ဒီနွေရာသီမှာ ကျန်းမာအောင်လို့ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို LifePlus မိတ်ဆွေတို့ကို မျှဝေလိုက်ပါတယ်ရှင် ။
နွေရာသီမှာ စားသုံးပေးသင့်တဲ့ အစားအသောက်များ ✓✓✓
လတ်ဆတ်တဲ့ အသီး ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ
လတ်ဆတ်တဲ့ အသီးအရွက်တွေဟာ ကျန်းမာရေးအတွက် အရမ်းကောင်းမွန်ပါတယ် ။ နွေရာသီမှမဟုတ်ဘဲ ကျန်တဲ့ရာသီဥတုတွေမှာလည်း စားပေးသင့်ပါတယ် ။
ရာသီစာ ဖျော်ရည်များ
နွေရာသီမှာဆိုရင်တော့ ဖရဲသီး ၊ ဘယ်ရီသီး ၊ နာနတ်သီး ၊ သရက်သီး ၊ ကီဝီသီး ၊ သင်္ဘောသီး ၊ လိမ္မော်သီး ၊ ပင်မှည့်သီး ( စူကာသီး ) ၊ မက်မွန်သီး ၊ စောင်းလျားသီး တို့ကို ဖျော်ရည်အဖြစ်သောက်သုံးတာ ( သို့ ) အစိမ်းစားသုံးနိုင်ပါတယ် ။ ဒီလိုစားသုံးပေးခြင်းဟာ နွေရာသီမှာ ဖြစ်လေ့ရှိတဲ့ ရေဓာတ်ဆုံးရူံးမူတွေ ၊ အသားအရေ ပျက်စီးမူတွေနဲ့ ဗီတာမင် တွေကို ထိန်းသိမ်းပေးမှာဖြစ်ပါတယ် ။
ရေ ၊ ဓာတ်ဆားရည်
နွေရာသီမှာ အလွန်ပူပြင်းတာမို့ ရေဓာတ်ဆုံးရူံးမူတွေ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ရေကိုလည်းဂရုစိုက်ပြီး သောက်သုံးပေးဖို့ လိုအပ်ပါတယ် ။ ဓာတ်ဆားရည်က ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ် တို့လိုမျိုး Electrolytes တွေကို ဖြည့်ပေးပါတယ်။ ကိုယ်တွင်းက Electrolytes ပမာဏကို ထိန်းညှိပေးပါတယ် ။ ဒါကြောင့် ဓာတ်ဆားရည်ကိုလည်း သောက်သုံးပေးဖို့ မမေ့ပါနဲ့နော် ။
ရှောင်ရှားသင့်တဲ့ အစားအသောက်များ ✕✕✕
အရက် ၊ ဘီယာ
အရက်အများကြီးသောက်သုံးတာက မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ နွေရာသီက အလွန်ပူပြင်းတဲ့အတွက် အရက်ဘီယာတွေကို လျော့သောက်ပေးတာအကောင်းဆုံးပါပဲ။
ပရိုတိန်းဓာတ်ပါဝင်သော အစားအစာများ
ပရိုတိန်းဓာတ် (အသားဓာတ်) ပါဝင်မူများသော အစားအစာများကို လျှော့စားပါ ။ ဒီ အစားအစာတွေက ခန္ဓာကိုယ်မှာ ဇီဝကမ္မ အပူချိန် (metabolic heat) ကို မြင့်တက်စေပြီး ရေဓာတ် ဆုံးရှုံးစေပါတယ် ။
အဆီများသော အစားအစာများ
အဆီများတဲ့အစားအစာတွေဟာ လူကိုသက်တောင့်သက်သာမရှိစေတာမို့ နွေရာသီလိုပူပြင်းတဲ့ရာသီမှာဆိုရင် နေထိုင်ရတာ အဆင်မပြေဖြစ်တတ်ပါတယ် ။ ပြီးရင်တော့ နောက်ဆက်တွဲ အနေနဲ့ ဖျားတာ နာတာ တွေ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”
👍👍👍