ဆေးလိပ်ကို ဘာကြောင့်စွဲလမ်းကြတာလဲ? Leave a comment

World No Tobacco Day (ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့) နဲ့သက်ဆိုင်သည့် ကျန်းမာရေးအတွက် သိထားသင့်သော ဆေးလိပ်၏ဆိုးကျိုးများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ၁၉၈၇ ခုနှစ်မှစ၍ နှစ်စဉ်မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့အဖြစ် သတ်မှတ်ထားပါတယ်။
ဘာကြောင့်ဆေးလိပ် မသောက်သင့်တာလဲ?
အောက်တွင်‌ဖော်ပြမည်ဖြစ်သော ဆိုးကျိုးများကြောင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဆေးလိပ်မှာပါ၀င်တဲ့ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ အာဆင်းနစ်၊ အမိုးနီးယားနဲ့  Acetone လိုမျိုးစီးကရက်ထဲမှာ တွေ့ရတတ်တဲ့ ဓာတုပစ္စည်းတွေကစလို့ ကျန်းမာရေးအန္တရာယ်မရှိတဲ့ အရာတစ်ခုမှမရှိပါဘူး။ ဆေးလိပ်မီးခိုးငွေ့တွင် ကင်ဆာရောဂါဖြစ်စေသော ဓာတ်ပစ္စည်း (၅၀) ကျော်အပါအဝင် ဓာတ်ပစ္စည်းပေါင်း (၄,၀၀၀) ကျော်ပါဝင်သည်။
ဆေးလိပ်ကို ဘာကြောင့်စွဲလမ်းကြတာလဲ?
ဆေးလိပ်တွင်ပါဝင်သော နီကိုတင်း၏စိတ်ကို စွဲလမ်းစေသော အာနိသင်ကြောင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီး တို့ကိုစတင်စမ်းသပ် သောက်သုံးကြည့်ရာမှ တဖြည်းဖြည်းပို၍ စွဲလမ်းလာပြီး ဆေးလိပ်မသောက်ရ မနေနိုင်အောင် ဖြစ်လာကြသည်။ နီကိုတင်းဓာတ်ဟာ ဆေးရွက်ကြီးမှာ သဘာဝအတိုင်းတွေ့ရလေ့ရှိတဲ့ ဘိန်းဖြူနဲ့ကိုကင်းတို့လိုမျိုး လူတွေကိုစိတ်ပိုင်းဆိုင်ရာအရပါ စွဲလမ်းစေနိုင်တဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။
ဖြစ်ပွားစေသောရောဂါများ?
  • ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာအမျိုးမျိုး။
  • နှလုံးသွေးကြောကျဉ်းခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း။
  • ပြင်းထန်သောသွေးတိုးရောဂါ၊ ခြေပုပ်၊ လက်ပုပ်ရောဂါ၊ ပန်းသေ၊ ပန်းညှိုး‌ရောဂါ။
  • ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်တိုင်ဆေးလိပ် သောက်သုံးခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းတို့ကြောင့် သားပျက်သားလျှောခြင်း။
  • လမစေ့ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်း။
  • မွေးရာပါကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း။
  • မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်း။
  • ကလေးအသေ မွေးဖွားခြင်းများ ဖြစ်စေနိုင်ပါသည်။
ဆေးလိပ်သောက်သုံးခြင်းသည် ကုသစရိတ်အလွန်ကြီးမားသော ကင်ဆာနှင့် နှလုံးသွေးကြောရောဂါများကို အများဆုံးဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဖြစ်ပွားတတ်တဲ့တချို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဟာ နှစ်ပေါင်းများစွာကြာမှ ရောဂါစတင်ဖြစ်ပွားနိုင်သလို တစ်ချို့သောလက္ခဏာတွေကတော့ ချက်ခြင်းဆိုသလို ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
ထို့ကြောင့်စိတ်ကို စွဲလမ်းစေတတ်သော ဆေးလိပ်နှင့်ဆေးရွက်ကြီးကို အစပြုမသောက်သုံးမိအောင် ရှောင်ကြဉ်ပါ။ ကလေးငယ်များကို ဆေးလိပ်သောက်ခြင်း အစမပြုမိစေရန် စောင့်ရှောက်ပါ။ မိမိကိုယ်တိုင်လဲ ဆေးလိပ်သောက်လျှင် အမြန်ဆုံးဖြတ်နိုင်အောင်ကြိုးစားပါ။ မိသားစုဝင်များနှင့် မိတ်ဆွေများ ဆေးလိပ်သောက်ပါက ဖြတ်နိုင်အောင်တိုက်တွန်း အားပေးကူညီကြပါရန် နှိုးဆော်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *