အသားမာပေါက်ရခြင်းအကြောင်းအရင်းကတော့ မိမိတို့ရဲ့ အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်းနဲ့အရေပြားက မာပြီးထူလာခြင်းဖြစ်ပါတယ်။ တစ်ခုခုနဲ့ ပွတ်တိုက်မှုတွေ များတဲ့နေရာ ဒါမှမဟုတ် တစ်ခုခုကြောင့် ဖိအားများတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။ လက်နဲ့ စမ်းကြည့်ရင် တစ်နေရာတည်း ကွက်ပြီး ထူထူကြမ်းကြမ်း လေးဖြစ်နေတဲ့ အပေါ်ယံလွှာ အရေပြားလေးဖြစ်ပါတယ်။ အဲ့နေရာတွေမှာ အရေပြားဆဲလ်လေးတွေ သေသွားလို့ ဖြစ်လာရခြင်းဖြစ်ပါတယ်။ အသားမာက အများအားဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့ လက်ချောင်းတွေမှာ အဖြစ်များပါတယ်။ အသားမာက မနာကျင်တတ်ပါဘူး။ အသားမာ၏အဖြစ်အများဆုံးလက္ခဏာတွေကတော့…..
- အရေပြားဟာ ထူပြီး ကြမ်းနေခြင်း ၊
- မာပြီးတော့ ခုံးနေခြင်း ၊
- အရေပြားရဲ့အောက်မှာတင်းမာမှု သို့ နာကျင်မှုခံစားရခြင်း ၊
- အရေပြားဟာ အပေါက်ကလေးများဖြစ်နေ၍ ခြောက်သွေ့နေခြင်း ။