ခုလို မိုးရာသီကာလမှာ ဖြစ်ပွားတတ်သော အအေးမိခြင်း ချောင်းဆိုးခြင်း နှင့် ဆက်စပ်သော ပန်းနာရင်ကြပ်ရောဂါနှင့် ပတ်သက်ပီးပြောပြချင်ပါတယ်။အအေးမိခြင်းတွင် ဖြစ်ပေါ်တတ်သော လက္ခဏာများမှာ
-လည်ချောင်းနာခြင်း
-နှာမွန်ခြင်း
-ချောင်းဆိုးခြင်း
-နှာချေခြင်း
-ခေါင်းကိုက်ခြင်း
-ခန္ဓာကိုယ်ယားယံခြင်း
-ခန္ဓာကိုယ် အပူချိန် အနည်းငယ် တက်ခြင်းတို့ အဖြစ်များကြပါတယ်။
လူအများစုသည် 5ရက်မှ 7ရက် အတွင်းပြန်လည် သက်သာလာကြပါတယ်။ကိုယ်ခံအားနည်းသူများ၊ပန်းနာရင်ကြပ်ရှိသူများ၊အဆုတ်အားနည်းသူများ ပြန်လည်သက်သာရန် ရက်အနည်းငယ်ကြာတတ်ပါသည်။ပဋီဇီဝပိုးသတ်ဆေးများသောက်သုံးရန်မလိုအပ်ပါ။မလိုအပ်ပဲ ပိုးသတ်ဆေးများသောက်သုံးခြင်းသည် ဆေးယဥ်ပါးမှုများ ဖြစ်ပေါ်တတ်ပါသည်။ရောဂါလက္ခဏာကို သက်သာစေသော ဆေးဝါးများကိုသာ သောက်သုံးရန်လိုအပ်ပါသည်။
ကိုယ်တိုင်ဘယ်လိုကာကွယ်ကြမလဲ
-လက်ကို ဆပ်ပြာ၊ရေ နှင့် စက္ကန့် 20 သေချာစွာ ဆေးပေးပါ။ လက်ဆေးရန် အဆင်မပြေပါ က alcohol ပါသော လက်သန့်ဆေးရည်ကို အသုံးပြုပေးပါ။
-မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များကို မသန့်ရှင်းသော လက်များနှင့် ထိကိုင်ခြင်းကို ရှောင်ရှားပေးပါ။
-နေမကောင်း ဖျားနားသော လူများနှင့် အဝေးတွင် နေပေးပါ။
တခြားလူများကို မကူးစက်အောင် ဘယ်လိုနေထိုင်ပြုမူမလဲ
-အအေးမိဖျားနားပါက မိမိအိမ်တွင် အနားယူပါ။ ကလေးငယ်များ ဖျားနားပါက ကျောင်းသွားခြင်းကို ခဏနားထားပါ။
-လက်ဆွဲနှုတ်ဆက်ခြင်း ၊ တစ်ဦးနှင့်တစ်ဦး အနီးကပ် နေထိုင်ခြင်းများကို ရှောင်ရှားပါ။
-နှာချေခြင်း၊ ချောင်းဆိုးခြင်း မတိုင်မီ အပြင်ဘက်သို့ ခဏထွက်ပေးပါ။
-နှာစေးခြင်း၊ နှာချေခြင်း ၊ ချောင်းဆိုးလျှင် အဝတ် တစ်ရှုးများကို အသုံးပြုပေးပါ။အသုံးပြုပီးသော အဝတ် တစ်ရှုးများကို အမှိုက်ပုံးထဲသို့ သေချာစွာ ပစ်ထည့်ပေးပါ။
ပန်းနာရင်ကြပ်ရောဂါ
ပန်းနာရင်ကြပ်ရောဂါဆိုသည်မှာ အဆုတ်၏ လေပြွန်ချောင်းမှာ ဖြစ်တတ်သော ရောဂါဖြစ်ပါတယ်။ လေပြွန်ချောင်းသည် အဆုတ်ထဲသို့ အောက်ဆီဂျင် အဝင်အထွက် လုပ်ဆောင်ပေးသော အသက်ရှုရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။လေပြွန်ချောင်းလေး ယောင်ရမ်းပြီး ကျဥ်းသွားသော အခါ ပန်းနာရင်ကြပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပန်းနာရင်ကြပ်ရောဂါသည် ပြင်ပမှဝင်ရောက်လာသော ပိုးမွှားများကြောင့်လည်း ဖြစ်တတ်ပါသည်။ ပန်းနာရင်ကြပ်ရောဂါရှိသူများသည်
-အအေးမိခြင်းနှင့် ဖျားနာချိန်
-ပန်းဝတ်မှုန် ၊ ဖုန့်မှုန် ၊ အိမ်မွေးတိရစ္ဆာန်မှထွက်သော အမှုန်အမွှားများနှင့် ဓာတ်မတည့်ချိန်
-လေထု ပတ်ဝန်းကျင် မသန့်သော အချိန် ၊ ဆေးလိပ်ငွေ့ အများအပြား ရှုမိသော အချိန်
-စိတ်ဖိစီးမှုများတ်သော အချိန်များတွင် ရင်ကြပ်ခြင်းကို ခံစားတတ်ရပါတယ်။
ပန်းနာရင်ကြပ်ရောဂါဖြစ်နေသော အချိန်တွင် ပြတတ်သော လက္ခဏာများမှာ
-ချောင်းခြောက်များ အဆက်မပြတ်ဆိုးခြင်း
-အသက်ရှုရခက်ခဲခြင်း
-အသက်ရှုနှုန်းမြန်ခြင်း
-မျက်နှာဖြူဖတ်ဖြူရော ဖြစ်တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ထိုကဲ့သို့ ဖြစ်ပေါ်လျှင် အမြန်ဆုံးကုသရန် လိုအပ်ပါသည်။ Corticosteroid ပါသော ရှုဆေးများကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အသုံးပြုပေးပါ။ အခြေအနေပိုဆိုးလာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပီး ကုသပေးရန်လိုအပ်ပါသည်။ပန်းနာရင်ကြပ်ရောဂါကာကွယ်ရန် အသက်ရှုလေ့ကျင့်ခန်းကို အချိန်မှန်မှန် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ညီညွတ်မျှတသော အသီးအရွက် အသားငါးအစားအသောက်များကို စားသောက်ပြီး ကိုယ်ခံအားကောင်းမွန်အောင် လုပ်ဆောင်ရမည်။ကျန်းမာပြီး ကိုယ်ခံအားကောင်းမွန်မှသာ အအေးမိခြင်းနှင့် နှာစေးခြင်း စသော တုပ်ကွေးလက္ခဏာများ ခံစားခြင်းမှကင်းဝေးသွားမည် ဖြစ်ပါသည်။
Reference By
https://www.cdc.gov/flu/symptoms/coldflu.htm
https://www.nhs.uk/conditions/asthma/causes/
#LifePlus
#EnrichingHealth
#EnhancingBeauty
#NwayHtetHtetAung_Pharmacist