ယခုလိုအချိန်မျိုးတွင် အသေးစား မတော်တဆများနှင့် ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ကိရိယာထားရှိရန် လိုအပ်ပါသည်။ First aid kit ကို ကလေးများ နှင့်လက်လှမ်းမမှီသော၊ အေး၍ခြောက်သွေ့သော နေရာတွင်ထားရှိ သင့်ပါသည်။ တစ်ချို့သောသူများ သည်အရေးပေါ် အခြေအနေများအတွက် ကားပေါ်တွင်ထားရှိတက်ကြပါသည်။
အခြေခံရှေ့ဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာတွင်ထားရှိရမည့်ပစ္စည်းများမှာ –
– အရွယ်အစားစုံ ပုံစံစုံရှိသော ပလပ်စတာ
– သန့်ရှင်းသော gauze dressing အရွယ်စုံ
– သန့်ရှင်းသော eye dressing အနည်းဆုံး ၂ခု
– ပတ်တီးမျိုးစုံ
– သန့်ရှင်းသော တစ်ခါသုံးလက်အိတ်များ
– ပလတ်စတစ် ကတ်ကြေး
– သန့်ရှင်းရန် တစ်ရှူး (Alcohol free)
– အပူချိန်တိုင်း ကိရိယာ
– ပိုးသတ်ဆေးမှုန့်
– အရေပြားလိမ်းရန် cream (eg. Hydrocortisone)
– အင်းဆက်ကိုက်ခြင်း၊ နာကျင်ခြင်းများ သက်သာစေသော စပရေးများ
– နာကျင်မှုသက်သာစေသော သောက်ဆေးများ (eg. Paracetamol and ibuprofen)
– ချောင်းဆိုးလျှင်သောက်သုံးရန် ဆေးဝါးများ
– ယားယံခြင်းကို သက်သာစေသော ဆေးဝါးများ (eg. Antihistamine)
– ဒဏ်ရာကိုသန့်ရှင်းရန် ပေါင်းခံရေ
– မျက်ရည်တု (artificial tears) တို့ဖြစ်ပါသည်။
အထက်ပါ အခြေခံလိုအပ်သော ပစ္စည်းများနှင့် လမ်းညွှန်စာအုပ်ကို အတူတူထားရှိသင့်ပါသည်။ အရေးကြီးတဲ့အချက်တွေ ကတော့ သက်တမ်းမကုန်ခင် သုံးတယ်ဆိုတာကို သေချာစေဖို့ သက်တမ်းကုန်ရက်ကို ပုံမှန်စစ်ဆေးစေလိုပါသည်။
ရှေးဦးသူနာပြု နည်းလမ်းများအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ ရှိရာ၎င်းအချက်များ သည်ဒဏ်ရာပေါ်တွင် မူတည်ပါသည်။ အဓိကအချက်များအနေနှင့်
– လူနာကို ကျွမ်းကျင်သူမှစစ်ဆေးပေးသင့်ပြီးလို့ စစ်ဆေးသောလက်သည် သန်ရှင့်းသော အနေအထားရှိရမည်။
– အကယ်၍ဒဏ်ရာပြင်းထန်လျှင် အရေးပေါ်ဌာန ကိုဖုန်းခေါ်သင့်ပါသည်။
– မလိုအပ်ပါက လူနာကိုမရွှေ့ပါနှင့်။
– ဒဏ်ရာရသူ၏အခြေအနေကို အမြင်အာရုံနှင့် အကဲဖြတ်ပါ။
– တစ်ကိုယ်ရေသန့်ရှင်းမှုကို ပြုလုပ်ပေးပါ။
– ပြင်ပအန္တာရာယ်များကို ဖယ်ရှားပေးပါ။
– ဒဏ်ရာရသူကို ၎င်းဒဏ်ရာ၏ နာကျင်မှုလျော့ကျစေရန် စကားပြောအားရုံပြောင်း ပေးတာများလုပ်နိုင်သည်။
– open wounds ဒဏ်ရာသည် ပွင့်နေသောအခြေအနေဆိုလျှင် ပိုးမဝင်စေရန် ပိုးသတ်ထား သောတစ်ရှူးနှင့် သုတ်ပေးရမည်။
– သွေးနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။ အနာကိုသန့်ရှင်းသော ပတ်တီးများဖြင့်ပတ်ပါ။
– အနာထဲကို အရာဝတ္ထုများ မြုပ်ဝင်ခြင်း မဖြစ်စေရန် အနာပေါ်တွင် တင်းကျပ်စွာစည်းနှောင် ခြင်း၊ ဖိထားခြင်း မပြုလုပ်ရ။
– ကိုယ်ခန္ဓာအစိတ်အပိုင်းကို မြှင့်ထားပါ။ လက်အိတ်ဝတ်ထားပြီး ဘာမှမလုပ်မီ လက်ဆေးရန် မမေ့ပါနှင့်။
– ဒဏ်ရာသွေးမတိတ်လျှင် အရေးပေါ်ဌာနကို ဖုန်းခေါ်ပါ။
– အရိုးကျိုးဒဏ်ရာများဆိုလျှင်ဖြင့် ဖြစ်သည့်နေရာကို ကုသနိုင်ရန် လူနာကိုသက်သောင့်သက် သာထားပေးပါ။
– ကျိုးနေတဲ့အစိတ်အပိုင်းကို မရွှေ့ပါနှင့်။
– သက်တောင့်သက်သာ ရှိစေရန် ခန္ဓာကိုယ်အောက်တွင် နူးညံသော အရာများနှင့် ခံထားနိုင် သည်။
– သွေးထွက်ခြင်းကို ရပ်တန့်စေရန် ပတ်တီးဖြင့် အုပ်ထားပေးပါ။
– ကျိုးနေသောအစိတ်အပိုင်းကို ဖြောင့်တန်းရန် မကြိုးစားပါနှင့်။
– ပုံပျက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ရှိမရှိစစ်ဆေးပါ။
– အရိုးများအပြင်တွင် ငေါထွက်နေခြင်း၊ အစိတ်အပိုင်းများ မလှုပ်ရှားနိုင်ခြင်း၊ ယောင်ရမ်းခြင်း၊ ကျောရိုး သို့ လည်ပင်းရိုးကျိုးနေလျှင် အရေးပေါ်ဌာနကို ဖုန်းခေါ်ပါ။
– သတိလစ်သော ပုဂ္ဂိုလ်များအနေနှင့် အသက်၏ အရေးကြီးသော လက္ခဏာများ၊ လေပြွန်၊ အသက်ရှူ လမ်းကြောင်း၊ သွေးလည်ပတ်မှု အခြေအနေကို အရင်စစ်ဆေးရမည်၊ အသက်ရှူ ခြင်း၊ သွေးလည်ပတ်ခြင်း မရှိသော လူနာဆိုလျှင် CPRလုပ်ဆောင်ပါ။ အသက်ရှူ နေသည့် လူနာ အပေါ်တွင် CPR မလုပ်ဆောင်ရ။ နှလုံးခုန်နှုန်း မရှိပါက defibrillatior (နှလုံးခုန်မှန်စေသည့်ကိရိယာ) ကိုသုံးရမည်။
– ဦးခေါင်းဒဏ်ရာ အတွက် လူနာ၏ အပြုအမူကို စောင့်ကြည့်ရန် လိုအပ်ပါသည်။ ပြင်းထန်စွာ ထိခိုက်ထားသော လူနာအား အချိန်ပြည့် စောင့်ကြည့်ရန် လိုအပ်ပါသည်။ လူနာသည် အော့အန်ခြင်း၊ တုန့်ပြန်မှုများနေသည့် အခြေအနေရှိပါက အရေးပေါ်ဌာနကို ဖုန်းခေါ်ပါ။ ဦးခေါင်းကို ထိခိုက်မိသော လူနာများ သတိလစ်နေတက်သည့်အတွက် လူနာတင်ယာဉ် ချက်ချင်းခေါ်သင့်ပါသည်။
ယခုဖော်ပြခဲ့သော လုပ်ထုံးလုပ်နည်း များသည်ရှေးဦး သူနာပြုများအနေနှင့် အခြေအနေ အမျိုး မျိုးနှင့် ရင်ဆိုင်ရနိုင်သောကြောင့် အရေးကြီးသော သတိပေးချက်များ ဖြစ်ပါသည်။ အရေးကြီးသော အချက်တစ်ချက်မှာ သင်သည် ပထမပိုင်းအကူအညီ ပေးသူတစ်ဦးဖြစ်လိုလျှင် ပထမဆုံး အကူအညီ ပေးလေ့ကျင့်ရေးပြီးစီးထားရန် လိုအပ်ပါသည်။