ကျန်းမာလှပနေဖို့အတွက် တကူးတက အချိန်ပေးပြီး လုပ်ဆောင်စရာမလိုဘဲ အလွယ်တကူ ရိုးရိုးရှင်းရှင်းနဲ့ လိုက်နာလို့ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် 






အားလပ်ချိန်တွေမှာ နေ့စဥ်ပုံမှန်လမ်းလျှောက်ပေးပါ။ကိုယ်ဝါသနာပါတဲ့ လေ့ကျင့်ခန်းတစ်ခုခု လုပ်တာမျိုး (သို့) ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု ကို ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် လုပ်ဆောင်ပေးပါ…

ခန္ဓာကိုယ်နဲ့ အသားအရေလှပဖို့အတွက် လိုအပ်တဲ့
ဗီတာမင်ဓာတ်တွေရရှိဖို့ ဟင်းသီးဟင်းရွက်နဲ့ အသားမျိုးစုံကို ညီညွတ်မျှတအောင် စားသုံးပေးပါ…

ပျင်းရိတတ်တဲ့ စိတ်နဲ့ ဒေါသကြီးတတ်တဲ့ စိတ်တွေရှိရင် တတ်နိုင်သလောက်လျော့ချပေးပါ။
ဆေးလိပ်သောက်ခြင်း၊ အရက်ဘီယာသောက်သုံးခြင်းတွေကလည်း အသားအရေနဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်လို့ အစဥ်အမြဲ မမှီဝဲဖို့ အရေးကြီးပါတယ်…

ရေဓာတ်က လူ့ခန္ဓာကိုယ်အတွက် အရေးကြီးလို့
ရေဓာတ်ပြည့်ဝအောင်သောက်သုံးဖို့ လိုအပ်ပါတယ်။ရေဓာတ်ပြည့်ဝခြင်းက အသားအရေလှပဖို့ အထောက်အကူပြုလို့ နေ့စဥ်နေ့တိုင်း ရေကိုလုံလောက်အောင် သောက်ပေးပါ။ လိုအပ်ပါက Collagen ဖြည့်စွက်စာ သောက်သုံးပေးနိုင်ပါတယ်…

အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုစေဖို့နဲ့ အသားအရေတင်းရင်းလှပစေဖို့ ဗီတာမင်စီပါတဲ့
အစားအစာနဲ့ အသီးအနှံတွေကို စားသုံးပေးပါ…

မျက်နှာလေးကို မနက်တစ်ကြိမ် ညတစ်ကြိမ်
မျက်နှာသစ်ဆပ်ပြာနဲ့ ပုံမှန် သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်..
ဒီအချက်လေးတွေကတော့ အမျိုးသားတွေအတွက် ကျန်းမာဖို့နဲ့ လှပဖို့ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်..





#source from Hello Sayarwon