ဖေဖေ မေမေတို့အနေနဲ့ မိမိတို့ရဲ့ ကလေးလေး လျှောက်သွား၊ လျှောက်ကောက်စားတတ်တဲ့အရွယ်မှာ ပစ္စည်းတစ်ခုခုကို နှာခေါင်းထဲကောက်ထည့်လိုက်တာ ဒါမှမဟုတ် ဆေးလုံး၊ အစာ၊ ပစ္စည်းစတာတွေ နင်ပြီး လေပြွန်ပိတ်သွားတာကို ကြုံဖို့ စိုးရိမ်တတ်ကြမှာပါ
ကလေးတစ်ယောက် လေပြွန်ပိတ်ဆို့နေတဲ့အချိန်မှာ ရှေးဦးသူနာပြုနည်းနဲ့ သေချာကုသနိုင်ရင် အသက်ဘေးကလွတ်မြောက်နိုင်တာမို့ အနားမှာရှိတဲ့ မေမေနဲ့ ဖေဖေတို့က ဒီရှေးဦးသူနာပြုနည်းကို တတ်မြောက်ထားဖို့အတွက် အရေးကြီးပါတယ်နော်…
ဒါကြောင့် ဒီနေ့မှာ HOPE က ဖေဖေတို့ မေမေတို့ အရေးကြုံလာရင်အသုံးပြုနိုင်ဖို့အတွက် ဒီရှေးဦးသူနာပြုနည်းကို သင်ကြားပေးသွားမှာဖြစ်ပါတယ်
ကြယ်သီး၊ အကြွေစေ့၊ အရုပ်အပိုင်းအစ၊ ဓါတ်ခဲစတာတွေက လေပြွန်ထဲရောက်သွားရင် လေပြွန်အပြည့်ပိတ်တာ ဒါမှမဟုတ် တစ်ပိုင်းတစ်စပိတ်တာမျိုး ဖြစ်နိုင်ပါတယ်။ လေပြွန်ပိတ်ပြီး အသက်ရှူမဝခဲ့ရင် ၄ မိနစ်အတွင်းမှာ ဦးနှောက်ထိခိုက်နိုင်တာမို့ ဒီ Heimlich Maneuver လို့ခေါ်တဲ့ ရှေးဦးသူနာပြုနည်းကို တတ်မြောက်ထားခဲ့ရင် အသက်တစ်ချောင်းကို ကယ်တင်နိုင်မှာပါ
ကလေးတစ်ယောက် လေပြွန်ပိတ်နေကြောင်းဘယ်လိုသိနိုင်မလဲ
• အသက်ရှူရခက်ခြင်း
• မငိုနိုင်၊ အသံမထွက်နိုင်ဖြစ်ခြင်း
• ချောင်းမဆိုးနိုင်ခြင်း
• နှုတ်ခမ်းများပြာလာခြင်း
• ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း
• သတိလစ်ခြင်း စတာတွေဖြစ်ခဲ့ရင် လေပြွန်ပိတ်တာလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။
ဒီလိုအခြေအနေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ
-အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပါ။
-ကလေးက ငိုနေရင်၊ ချောင်းဆိုးနေရင်တော့ ဒီ ရှေးဦးသူနာပြုနည်းကို မလုပ်ဆောင်ရပါဘူး။
-လေပြွန်ပိတ်နေတဲ့ ကလေးကို မှောက်ရက်အနေအထားနဲ့ မိမိရဲ့ လက်ဖျံတစ်ဖက်ပေါ်မှာတင်ပါ။
-ကလေးရဲ့မေးရိုးနေရာကို လက်ချောင်းများနဲ့ ကိုင်ပြီး ပင့်တင်ထားပေးပါ။
– ပြီးရင် ကလေးရဲ့ ကျောပြင်ကို အခြားလက်တစ်ဖက်ရဲ့ လက်ဖနောင့်နဲ့ အားပြင်းပြင်း ထုပေးပါ…
ဒီလို ၅ချက်ခန့် လုပ်ပေးပြီးနောက် ပိတ်နေတဲ့ပစ္စည်းထွက်မလာခဲ့သေးရင် ….
-ကလေးကို လက်ဖျံပေါ်မှာ ပက်လက်အနေအထားပြောင်းလိုက်ပါ။
-ကလေးခေါင်းကို လက်ဖဝါးနဲ့ ပင့်ထားပေးပါ။
-အခြားလက်တစ်ဖက်ရဲ့ လက်နှစ်ချောင်းကို အသုံးပြုပြီး ရင်ဘတ်ရဲ့ သုံးပုံတစ်ပုံခန့်ချိုင့်ဝင်သွားအောင်ဖိချပါ။
၅ချက်ခန့်လုပ်ပြီးလည်း မထူးခြားခဲ့ရင် ….
-မှောက်ရက်အနေအထားကိုပြန်ပြောင်းပြီး လက်ဖနောင့်နဲ့ ပြန်ထုပါ။
-ပိတ်နေတဲ့ ပစ္စည်းထွက်လာတဲ့အထိ သို့မဟုတ် ကလေးသတိမလစ်ခင် အခြေအနေအထိ ကျော ၅ ချက်ထု၊ ရင်ဘတ် ၅ချက်ဖိတာကို လုပ်ဆောင်လို့ရပါတယ်။
အကယ်၍ကလေးက သတိလစ်သွားခဲ့ရင်ဘယ်လိုလုပ်ရမလဲ
ဒီလို ရှေးဦးသူနာပြုနည်းလုပ်ဆောင်နေရင် ကလေးကမတုံ့ပြန်တော့တာ၊ အသက်ရှူရပ်သွားတာ၊ တစ်ကိုယ်လုံးပြာနှမ်းလာတာတွေဖြစ်လာခဲ့ရင် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပါ။ အရေးပေါ်ကားခေါ်ပြီး ကလေးကိုဆေးရုံပို့ဖို့ စီစဉ်ပါ။ CPR လုပ်ပါ။ CPR ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ https://www.youtube.com/watch?v=n65HW1iJUuY ဒီ video လေးကနေတစ်ဆင့်သင်ယူနိုင်ပါတယ်
ဖေဖေ မေမေတို့ရေ… ကိုယ့်ရဲ့ကလေးလေးတွေ အစားနင်တာ၊ လေပြွန်ပိတ်တာတွေဖြစ်လာရင် ပြုစုပေးရမယ့် ရှေးဦးသူနာပြုနည်းလေးကို သိပြီဆိုတော့ လက်တွေ့မှာ ဖြစ်လာရင် အသုံးဝင်အောင် သေချာလေးမှတ်သားထားကြနော်
ကျန်းမာရေးနဲ့ပက်သက်ပြီး HOPE မှဆရာဝန်တွေဆီ Messenger မှတစ်ဆင့် အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
https://m.me/hopetelecaremyanmar
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
#LifePlus_HopeTeleCareMyanmar
#EnrichingHealth
#EnhancingBeauty