အားလုံးပဲ မင်္ဂလာပါ
နို၀င်ဘာ 17 ရက်နေ့က World Prematurity Day နေ့ ဖြစ်သည့်တဲ့ အတွက်ကြောင့် World Prematurity Day နှင့် ကလေးငယ်လေးများစောမွေးဖွားခြင်းအကြောင်း ပတ်သက်၍ မျှဝေပေးချင်ပါတယ် ။
What is World Prematurity Day?
World Prematurity Day ဆိုသည်မှာ မွေးဖွားရန် အရွယ်မတိုင်မီ မွေးဖွားလာသော ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် နှင့် ကလေးငယ်လေးများ စောမွေးဖွားမှုနှုန်း ကျဆင်းစေရန် ရည်ရွယ်၍ သတ်မှတ်ခဲ့ကြပါသည်။ နှစ်စဉ်နှစ်တိုင်း ကလေးငယ် 15သန်းသည် မွေးဖွားရန် အရွယ်မတိုင်မီ စောမွေးဖွားကြပါသည်။ရာခိုင်နှုန်းအားဖြင့် ကလေး 10 ယောက်တွင် 1 ယောက်နှုန်း စောမွေးလာကြပါသည် ။ ကလေးငယ်လေးများစောမွေးခြင်းသည် ကလေးအသက် 5 နှစ်မတိုင်မီ သေဆုံးနိုင်ခြေ များ သည်။ကလေးငယ်လေးများ ငယ်ရွယ်စဉ် တွင် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့်တွေ့ကြုံနိုင် ပါသည်။ ထို့ကြောင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ဖေးမပေးရန် လိုအပ်ပါသည်။
ကလေးစောမွေးဖွားခြင်း
ကလေးတစ်ယောက် မွေးဖွားခြင်းသည် မိခင်၏၀မ်းဗိုက်ထဲတွင် သန္ဓေသားလေးအဆင့်မှ ရက်သတ္တပေါင်း 37ပတ် မှ 40ပတ် အထိနေ၍ မွေးဖွားလာြကပါသည်။ မိခင်၏၀မ်းဗိုက်ထဲတွင် 37ပတ် မတိုင်မီစောမွေးလာြခင်း သည် ကလေးငယ်စောမွေးလာြခင်းဖြစ်သည်။ မိခင်သည် ဆီးချိုရောဂါရှိသူ ၊ သွေးတိုးရောဂါရှိသူ ၊ ကိုယ်၀န်ခဏခဏဆောင်ဖူးသူ ၊ ကူးစက်တတ်သောရောဂါပိုး ရှိသူတွေမှာ ကလေးငယ်စောမွေးခြင်းကို တွေ့ရတတ်ပါသည်။
ကလေးငယ်စောမွေးခြင်းကို
– အလွန့်အမင်းစောမွေးခြင်း( ရက်သတ္တပတ် 28ပတ် မတိုင်မီ မွေးဖွားခြင်း)
– အလွန်စောမွေးဖွားခြင်း ( ရက်သတ္တပတ် 28-32 ပတ်အတွင်းမွေးဖွားခြင်း)
– အလယ်အလတ် စောမွေးဖွာခြင်း ( ရက်သတ္တပတ် 32-37ပတ်အတွင်းမွေးဖွားခြင်း) ဆိုပြီးအပိုင်းသုံးပိုင်းခွဲခြားထား ပါတယ်။
စောမွေးဖွားလာသော ကလေးငယ်များ မွေးဖွားစဉ်တွင် တွေ့ရတတ်သော ကျန်းမာရေးဆိုင်ရာလက္ခဏများမှာ
– ခန္ဓာကိုယ်အလေးချိန် မပြည့်ခြင်း
– ခန္ဓာကိုယ် အပူချိန်ကျဆင်းခြင်း
– အသက်ရှုရခက်ခဲခြင်း
– ကိုယ်လက်ခန္ဓာကိုယ်အစိတ်အပိုင်းများ မပြည့်စုံခြင်း
– နို့စို့ရခက်ခဲခြင်း
– အမြင်အာရုံ အကြားအာရုံ ချို့တဲ့ခြင်း တို့ဖြစ်ပါတယ် ။
ကာကွယ်စောင့်ရှောက်ခြင်း
ကလေးငယ်လေးများစောမွေးနိုင်ခြင်းကိုရှောင်ရှားနိုင်ရန် ကိုယ်၀န်ဆောင် မိခင်သည်
-ဆေးလိပ်သောက်ခြင်း
-အရက် ဘီယာ ဝိုင် များ သောက်သုံးခြင်း
-ဆရာ၀န်ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် ဆေး၀ါးများသောက်သုံးခြင်း
-အလေးအပင် မ ခြင်း
-ပြင်းထန်သော ခန္ဓာကိုယ်လှုပ်ရှားမှု လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းများ ကိုရှောင်ရှားရပါမည်။
သံဓာတ် နှင့် Folic acid ကြွယ်၀သော အသား ငါး အသီးအရွက်များကို မျှတစွာ စားသောက်ခြင်း ၊
မိခင်နှင့်သန္ဓေသား အတွက်လိုအပ်သော အဟာရ ဗီတာမင်ဆေး၀ါးများကို ဆရာ၀န်နှင့်တိုင်ပင်ပြီး သောက်သုံးပါ။ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့ချပေးပါ။ ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် တတ်နိုင်သမျှစောစွာ ဆရာဝန်နှင့် တိုင်ပင် ပြသပါ ။ ထိုမှသာကျန်းမာသန်စွမ်းပြီး ထက်မြက်သော ကလေးငယ်လေးများမွေးဖွားလာကြပါမည်။
သာမန်ကလေးများကဲ့သို့ပင် စောမွေးဖွားသော ကလေးငယ်များတွင်လည်း မိခင်နို့ရည်သည် အဓိက အလိုအပ်ဆုံးဖြစ်ပါတယ် ။ မွေးဖွားပြီးချိန်တွင် မိခင်နို့ရည်ကို စောနိုင်သမျှတိုက်ကျွေးပေးပါ ။စောမွေားဖွားသော ကလေးငယ်များတွင် မိခင်နို့ရည်ကို တနေ့ လျှင် 8 ကြိမ်မှ 10ကြိမ် ထိ တိုက်ကျွေးပေးပါ ။ မိခင်၏နို့ရည်တွင် များစွာသော ဗီတာမင်နှင့် ပရိုတင်းဓာတ်များပါဝင်သည့်အတွက်ကြောင့် မဖြစ်မနေ မိခင်နို့ရည်တိုက်ကျွေးရန်လိုအပ်ပါသည် ။စောမွေးသောကလေးငယ်လေးများတွင် ခန္ဓာကိုယ်အဆီဓာတ်နည်းတတ်သည့် အတွက်ကြောင့် ကလေးငယ်၏ခန္ဓာကိုယ် အပူချိန်ကိုအမြဲစောင့်ကြည့်ပေးရန်လိုအပ်ပါသည်။ ကလေးငယ်လေးများကို သန့်ရှင်းစွာထားပေးပါ ။ ကလေးငယ်များ၏ ကြီးထွားမှုနှုန်းကို မိဘများအနေဖြင့် မှတ်သားပေးပါ ။ သာမန်ကလေးများကဲ့သို့ပင် ကာကွယ်ဆေးများထိုးနှံရန် လိုအပ်သည့် အတွက် ကာကွယ်ဆေးမထိုးမှီ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ ။
မိဘဆွေမျိုး ပတ်ဝန်းကျင် အနေနဲ့ အရွယ်မတိုင်မီ စောမွေးလာသော ကလေးငယ်လေးများ ကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် ကလေးငယ်များကို ကျန်းမာသန်စွမ်းပြီး ကမ္ဘာကြီးအကျိုးကို သယ်ပိုးနိုင်သော လူကြီးလူကောင်း တယောက်ဖြစ်လာအောင် ပြုစုဆောင်ရွက်ဖေးမပေးကြပါ ။ ပျော်ရွင်ကျန်းမာသော အနာဂတ် မျိုးဆက်သစ်လေးများကို ဖန်တီးလိုက်ကြရအောင်စို့လား။

A Healthy Baby Is A Happy Baby
#LifePlu_WorldPrematurityDay
#EnrichingHealth
#EnhancingBeauty
See less