Sunscreen ကိုအသုံးပြခြင်းအားဖြင့် … Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

ငယ်ရွယ်နုပျိုပြီး ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Sunscreen ကိုသုံးသင့်ပါတယ်။ Sunscreen ဟာတင်းတိပ်နဲ့ အရေးအကြောင်းတွေလိုမျိုး အသက်အရွယ်ကြီးရင့်မှု လက္ခဏာတွေပြခြင်းကနေ ကာကွယ်ပေးပါတယ်။ Sunscreen လိမ်းခြင်းက အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးသက်ရောက်စေပါတယ်။ Sunscreen နေ့တိုင်းလိမ်းပေးမယ်ဆိုရင် Melanoma လိုမျိုးအရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်ခြင်းကတောင် ကာကွယ်ပေးနိုင်ပါတယ်။ Sunscreen လိမ်းသင့်တဲ့ နောက်ထပ်အချက်တွေကတော့ Sunscreen ဟာ မျက်နှာပေါ်မှာ အညိုရောင်အကွက်နဲ့ အရေပြားအရောင် မညီခြင်းတွေဖြစ်ခြင်းကို တားဆီးပေးပါတယ်။ မျက်နှာပြင်ပေါ် အနီရောင်သွေးကြောတွေ ပေါ်လာခြင်းနဲ့ အသားအရေပေါ်မှာ အဖုအပိန့်တွေ ဖြစ်ခြင်းကိုလည်း လျှော့ကျစေပါတယ်။ အိုဇုန်းလွှာကပျက်စီးနေတာမို့ အရေပြားကိုထိခိုက်နာကျင်စေမယ့် ခရမ်းလွန်ရောင်ခြည်တွေခန္ဓာကိုယ်နဲ့မျက်နှာကို မထိအောင်ကာကွယ်ဖို့အတွက်  မိမိအသားအရေကို Sunscreen လိမ်းဖို့လိုအပ်ပါတယ်။

Sunscreen ကိုအသုံးပြုခြင်းအားဖြင့် ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်နော်…

(၁)  နေလောင်မှုမှ ကာကွယ်ပေးခြင်း၊

(၂)  အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးခြင်း၊

(၃)  Skin Cancer ဖြစ်နိုင်ချေလျော့နည်းခြင်း စသည်တို့မှ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *