SARS-CoV-2 Variant Omicron (အိုမီခရွန်) ဆိုတာဘာလဲ? Leave a comment

SARS-CoV-2 Variant Omicron (အိုမီခရွန်) အကြောင်းသိကောင်းစရာလေးများကို ပြောပြပေးချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်အရ မြန်မာနိုင်ငံတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲနမူနာများတွင် တွေ့ရှိရပါသည်။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါတယ်။
SARS-CoV-2 Variant Omicron ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ?
(၁) ခန္ဓာကိုယ်အပူချိန် အလွန်မြင့်မားခြင်း၊
(၂) ချောင်းအဆက်မပြတ် ဆိုးခြင်း၊
(၃) အနံ့အရသာပြောင်းလဲခြင်း (သို့) လုံးဝမရခြင်း၊ (ပုံမှန်အနံ့အရသာနှင့်မတူပဲ အနံ့အရသာပြောင်းနေခြင်း)၊(အနံ့အရသာ လုံးဝမရတော့ခြင်း)၊
(၄) မောပန်းနွမ်းနယ်ခြင်း။
SARS-CoV-2 Variant Omicron ကူးစက်မခံရအောင် ဘယ်လိုလုပ်ကြမလဲ?
(၁) နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ခြင်း၊
(၂) လက်ကိုမကြာခဏ သေချာစွာဆေးကြောခြင်း၊
(၃) မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့်ခဏခဏ ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၄) လူများသောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၅) အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားခြင်း၊
(၆) Coronavirus ကာကွယ်ဆေး ထိုးနှံခြင်း၊
(၇) ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူများ Booster dose ထပ်မံထိုးနှံခြင်း၊
SARS-CoV-2 Variant Omicron ကြောင့်အသက်သေဆုံးမှု မတွေ့ရှိရသေးသော်လည်း ကူးစက်ခံရပါက ရောဂါလက္ခဏာများ ပြင်းထန်နိုင်တဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်ခြင်းဖြင့် မကူးစက်အောင်နေကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *