ဒီတစ်ခေါက်မှာ မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ ဒီနေ့ခေတ်ရဲ့ လူငယ်ဗန်းစကားဖြစ်တဲ့ Night Life လောကမှာ အကုန်လုံးနီးပါးနဲ့ မစိမ်းတဲ့ Hit ဖြစ်နေတဲ့ ပိုးတစ်မျိုးအကြောင်းပဲဖြစ်ပါတယ်ရှင်။ သူကတော့ HIV လို့ခေါ်တဲ့ ခုခံအားကျဆင်းစေတဲ့ပိုးပဲ ဖြစ်ပါတယ်။ HIV ပိုးကနေ တစ်ဆင့် AIDS လို့ ခေါ်တဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်မလို့ ရောဂါပိုးကူးစက်မခံရအောင် ဘယ်လိုကာကွယ်ရမလဲ၊ ကူးစက်ခံရပြီဆိုပါကလည်း ဘယ်လို ကုသမှုခံယူကြမလဲ နှင့် အခြားသူများကို ဆက်လက်မကူးစက်အောင် ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတဲ့ ဆောင်ရန်၊ရှောင်ရန် အချက်တွေကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်
ပထမဦးဆုံးအနေနဲ့
**HIV နဲ့ AIDS ဆိုတာ ဘာလဲ?**
**HIV (Human Immunodeficiency Virus)** ဆိုတာ လူ့ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ဒီဗိုင်းရပ်စ်က CD4 ဆဲလ်တွေကို ဖျက်ဆီးပြီး ကိုယ်ခံအားကို ကျဆင်းစေပါတယ်
**AIDS (Acquired Immunodeficiency Syndrome)**
ဆိုတာ HIV ပိုး ကူးစက်ခံရပြီး နောက်ဆုံးအဆင့်ဖြစ်ပြီး ဒီအဆင့်မှာ ကိုယ်ခံအားအလွန်နည်းသွားတဲ့အတွက် အခြားရောဂါတွေ ( ဥပမာ – တီဘီ၊ အဆုတ်ရောင်ရောဂါ၊ ကင်ဆာ) ဝင်ရောက်လွယ်နိုင်တဲ့အတွက်ကြောင့်သတိထားဖို့လိုအပ်ပါတယ်
**HIV ဘယ်လိုကူးစက်နိုင်လဲ?**
HIV ပိုးဟာ အောက်ပါနည်းလမ်းတွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ် –
- ရောဂါပိုးရှိသူနှင့်အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်တူ/လိင်ကွဲဆက်ဆံခြင်း)
- သွေးမှတဆင့်ကူးစက်ခြင်း (သွေးသွင်းခြင်း၊ ညှပ်ဖောက်ခြင်း၊ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း)
- မိခင်မှ ကလေးသို့လည်းကူးစက်နိုင်ခြင်း (ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့်နို့တိုက်ချိန်အတွင်းမှာလည်းကူးစက်နိုင်ပါတယ်)
**HIV ဘယ်လိုမကူးစက်နိုင်ဘူးလဲ?**
-လက်ဆွဲနှုတ်ဆက်ခြင်း၊ ချောင်းဆိုးနှာချေခြင်း
-အတူတူနေထိုင်စားသောက်ခြင်း၊ အိမ်သာတက်ခြင်း၊ ချွေးနံ့ (သို့မဟုတ်) နှုတ်ခမ်း/အာခေါင်နမ်းခြင်း
-ပွေ့ဖက်ခြင်း၊ ခြင်ကိုက်ခြင်း တို့မှ တစ်ဆင့် လုံးဝမကူးစက်နိုင်ပါ
**HIV ကို ဘယ်လိုကာကွယ်ကြမလဲ**
ကာကွယ်ဖို့နည်းလမ်းတွေကအလွန်ရိုးရှင်းပါတယ်
- လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ (အထူးသဖြင့် Night Life မှာအတွေ့များတဲ့ ONS တွေ၊ သမီးရည်းစားအတွဲများ၊ LGBTများအနေဖြင့် သတိထားဖို့လိုပါတယ်
- ဆေးထိုးအပ်မျှဝေမသုံးစွဲပါနှင့်
- သွေးသွင်းမယ်ဆိုရင် HIV ပိုးရှိ/မရှိ စစ်ဆေးပါ
- ကိုယ်ဝန်ဆောင်မိခင်များ HIV စစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ် သို့မှသာ မိမိမှတစ်ဆင့် မိမိ၏ရင်သွေးငယ်ဆီသို့ ရောဂါပိုးမကူးစက်နိုင်မှာဖြစ်ပါတယ်
**HIV ရှိမရှိ ဘယ်လိုသိနိုင်မလဲ?**
– သွေးစစ်ဆေးမှု ( HIV Test ) လုပ်ပြီးမှသာ သိနိုင်ပါတယ်
– ရောဂါလက္ခဏာတွေက မပြတ်သားတတ်ပါ ( တစ်ချို့မှာ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အရေပြားနှင့်ပါးစပ်အာခံတွင်းတစ်ဝိုက်တွင် အဖုအပိန့်ထွက်တတ်ပါတယ် )
**HIVကိုဘယ်လိုကုသရမလဲ**
**ART (Antiretroviral Therapy)**လို့ခေါ်တဲ့ ဆေးတွေသောက်ပြီး ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါတယ်
စနစ်တကျ ကုသမယ်ဆိုရင် HIV ရောဂါပိုးရှိသူဟာ ပုံမှန်လူတစ်ယောက်လို နေထိုင်နိုင်ပါတယ်
ယခုကာလမှာ နည်းပညာတွေတိုးတက်လာတာကြောင့် PrEP ( Pre-Exposure Prophylaxis ) နှင့် PEP ( Post Exposure Prophylaxis ) စတဲ့ ဆေးတွေသောက်သုံးပြီး ကာကွယ်နေထိုင်လာနိုင်ပြီဖြစ်ပါတယ်
PrEP ဆိုတာက HIV ရောဂါပိုးမရှိတဲ့သူတွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးလို့ရတဲ့ ဆေးတစ်မျိုးဖြစ်ပြီး
PEP ဆိုတာက HIV ရောဂါပိုးကူးစက်ခံရပြီးနောက် သောက်သုံးသော ဆေးတစ်မျိုးဖြစ်ပါတယ်
**PrEP နှင့် PEPဆေးများကိုဘယ်လိုလူတွေသောက်သုံးသင့်လဲ**
လိင်ဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံဖော်များသောသူများ သည် ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာ စနစ်တကျသောက်သုံးသင့်ပါတယ်
**HIV နဲ့ ပတ်သက်ပြီး အထင်အမြင်လွဲမှားခြင်းများ**
– HIV ရှိသူကို ခွဲခြားဆက်ဆံခြင်းမျိုးတွေလုံးဝမပြုလုပ်သင့်ပါ
– HIV ရှိရင် သေတယ်ဆိုတာမဟုတ်ပါ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာမယ်ဆို လူတန်းစေ့နေနိုင်မှာ အသေအချာပဲဖြစ်ပါတယ်
**ဘယ်မှာ စစ်ဆေးကုသနိုင်လဲ?**
– အစိုးရဆေးရုံများ ( ဥပမာ – ရန်ကုန်ဆေးရုံကြီး )
– ပုဂ္ဂလိက ကျန်းမာရေးဌာနများ
– ယုံကြည်ရတဲ့ NGO များ (ဥပမာ – မြန်မာနိုင်ငံ AIDS ကာကွယ်ရေးအသင်း) စတဲ့နေရာတွေမှာ HIVနှင့်ပတ်သတ်သောဆေးဝါးများ အခမဲ့ထုတ်ပေးလျက်ရှိပါတယ်
HIV/AIDS အကြောင်း ပိုမိုသိရှိလိုပါကဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်များနဲ့ တိုင်ပင်နိုင်ပါတယ်
**စိုးရိမ်စရာမလိုဘဲ စစ်ဆေးခြင်းက အကောင်းဆုံးကာကွယ်နည်းပါ**
– HIV ရောဂါဟာ ကူးစက်နိုင်ပေမယ့် ကာကွယ်လို့ရပါတယ်၊ ကုသလို့ရနိုင်တာမလို့ HIV/AIDSရောဂါပိုးရှိသူများကို ပစ်ပယ်ထားတာမျိုးမလုပ်ပဲ ဖေးမစွာကူညီဆက်ဆံကြပါ
***သင့်ရဲ့နွေးထွေးမှုတစ်ခုကလူအများရဲ့ဘဝကိုတောက်ပစေနိုင်ပါတယ်***
ကျန်းမာရေးနှင့်ပတ်သတ်ပြီး အသေးစိတ်သိလိုပါက Life Plus Health & Beauty မှ ဆေးဝါးပညာရှင်များနှင့် အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင်
အခုအကြောင်းအရာကိုတော့ LifePlus Health & Beauty ရဲ့ Pharmacist ဖြစ်သူ မသီရိရွှေစင်မှ ရေးသားတင်ဆက်ပေးထားပါတယ်ရှင်။
#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ