ခေတ်မှီတိုးတက်လာတဲ့ခေတ်ကြီးမှာ လူသားများအတွက်လိုအပ်တဲ့ ခေတ်မီစက်ပစ္စည်းကိရိယာ အသုံးအဆောင်တွေဟာလဲ ဖွံ့ဖြိုးတိုးတက်လျက် ရှိပါတယ်။ ဒါ့အပြင် လူသားတိုင်းအတွက် အရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ ပက်သတ်တဲ့ဆေးပစ္စည်း များအတွက်လဲ တစ်နေ့ထက်တစ်နေ့ အသစ်သစ်သော ရှာဖွေမှုစမ်းသပ်မှုများကို စဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။ ဘယ်လိုပဲ ဆေးပစ္စည်းစက်ကိရိယာ ကျန်းမာရေးအထောက်ကူ ပစ္စည်းမျိုးစုံ တိုးတက်နေစေကာမူ ရောဂါဆိုတဲ့အရာဟာ မဖြစ်ခင်ကကြိုတင် ကာကွယ်နိုင်ခြင်းသည်သာ အကောင်းဆုံးကာကွယ်ရေး လက်နက်တစ်ခုဖြစ်ပါတယ်။ မိမိကိုယ်တိုင် ကျန်းမာအောင် နေထိုင်စားသောက်ခြင်းသည် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတစ်ခုဖြစ်ပါတယ်နော်။ ဒါကြောင့်မလို့ ကျန်းမာအောင်နေထိုင်နိုင်ကြစေဖို့ ဆောင်ရွက်ရမယ့် နည်းလမ်းတချို့ကို သိရှိစေဖို့အတွက် မျှဝေပေးချင်ပါတယ်။
(၁) အဆီလျော့စားပါ၊
(၂) Body Weight ကိုထိန်းပါ၊
(၃) ရေများများသောက်ပါ၊
(၄) အိပ်ရေးဝဝအိပ်ပါ၊
(၅) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးပါ၊
(၆) မနက်စောစော နေပူစာလှုံပေးပါ၊
(၇) အချိုလျော့စားပါ၊
(၈) တရားထိုင်ပါ၊
(၉) စိတ်ဖိစီးမှုများလျော့ချပါ၊
(၁၀) အသီးအနှံများများစားပေးပါ၊
(၁၁) ဓာတုဆိုးဆေးများနှင့် သဘာဝမဟုတ်ပဲ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများကိုရှောင်ပါ။
ဒီအချက်လေးတွေကိုနေ့စဉ် အလေ့အထလေးတွေဖြစ်အောင် ကိုယ်တိုင်ကနေစပြီး မွေးမြူလို့ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။
*ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာ ဈေးဝယ်ပါ*