သွားကျန်းမာရေးအကြောင်း သိကောင်းစရာအဖြာဖြာ Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်….
ဒီနေ့မှာတော့  Dental Floss အသုံး၀င်ပုံ၊ ကောင်းကျိုးဆိုးကျိုးများနှင့် သွားကျန်းမာရေးအတွက် လုပ်ဆောင်ရမည့်အချက်လေးတွေကို ပြောပြပေးသွားပါမယ်ရှင့်။
Dental Floss ဆိုတာ ဘာလဲ?
Dental Floss ဆိုတာ ပါးလွှာသောကြိုးလေးဖြစ်ပြီး သွားနှင့်ခံတွင်း အတွင်းပိုင်း သန့်ရှင်းရေးနှင့်သွားတစ်ချောင်းနှင့် တစ်ချောင်းကြားတွင် ကပ်ကျန်နေသော အစားအစာအပိုင်းအစလေးများကို ဖယ်ရှားရန်အတွက် ဖြစ်ပါတယ်။
Dental Floss ကို အမျိုးအစားအမျိုးမျိုး ထပ်ပြီးခွဲထားပါတယ်။
1. Waxed Dental Floss,
2. Unwaxed Dental Floss,
3. PTFE Floss (Polytetrafluoroethylene Floss),
4. Dental Tape,
5. Water Floss,
6. The Floss Pick တို့ပဲဖြစ်ပါတယ်ရှင့်။
မြန်မာနိုင်ငံတွင် Waxed Dental Floss ကိုပိုပြီး အသုံးများကြပါတယ်.. Waxed Dental Floss လေးက တခြားအမျိုးအစား Dental floss တွေထက်ပိုပြီး ခိုင်ခံ့ပါတယ်။ သွားကြားထိုးနေစဥ် ခံတွင်းအတွင်း ရွေ့လျားရလွယ်ကူခြင်း၊ ကြိုးပျက်သွားခြင်းမရှိသည့်အတွက်ကြောင့် Waxed dental floss လေးကို ပိုပြီးအသုံးများကြပါတယ်။
Dental Floss ကို ဘယ်လိုသုံးကြမလဲ?
  • ပထမဦးဆုံး Dental Floss အသုံးမပြုမှီ သွားကိုတိုက်ပေးပါ။ ခံတွင်းအနံ့လည်းရှင်းသလို သွားတိုက်တံမရောက်နိုင်တဲ့ နေရာတွေမှာရှိတဲ့ အစာကြွင်းအစာကျန်များကိုလည်း သန့်စင်ရာတွင်လည်း လွယ်ကူသွားပါတယ်။
  • ကြိုးအရှည်ကို ခန့်မှန်းခြေ မိမိလိုသလောက်ကို ဖြတ်ပေးပါ၊ ကျန်ခဲ့သောကြိုးလေးများကို သိမ်းထားပေးပါ။
  • ဖြတ်ထားသော ကြိုးလေးကို လက်မနှင့် လက်ညိုးမှာ ရစ်ပတ်ပြီး ကြိုးအရှည်ပုံစံဖြစ်အောင် ချည်ထားပြီး ကိုယ့်အစားကြွင်း၊ အစားအစာကျန်ခဲ့သော နေရာလေးတွေမှာ အသုံးပြုနိုင်ပါတယ်။
  • သုံးပြီးသား Dental Floss များကို ထပ်မံ၍သုံးခြင်း ၊ တခြားသူများကို ဝေမျှ၍သုံးခြင်းများ မပြုလုပ်ပါနဲ့။
  • Dental floss ကို တစ်နေ့တစ်ကြိမ်ပဲ အသုံးပြုပေးပါ။
  • Dental floss ကြိုးအခွေလေးတွေ အသုံးပြုရတာ အဆင်မပြေတဲ့သူများလဲ Dental floss stick လေးကို အသုံးပြုနိုင်ပါတယ်။
Dental floss ကိုအသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ?
(၁) သွားခံတွင်း ပျက်စီးခြင်းကို ကြိုတင်ကာကွယ်နိုင်ခြင်း။
(၂) သွားများ အတွင်း သွားချေးအဖတ်များ မရှိခြင်း။
(၃) သွားခံတွင်း အနံဆိုးမှ ကာကွယ်ပေးခြင်း။
(၄) သွားဖုံးရောဂါများမှ ကာကွယ်ပေးခြင်း တို့ဖြစ်ပါတယ်။
Dental floss ကို အသုံးပြုခြင်းဖြင့် ဆိုးကျိုးများ?
-Dental floss ကို အသုံးပြုပုံ မမှန်ကန်လျှင် သွားနှင့်သွားဖုံးများ ပျက်စီးနိုင်ပါတယ်။
-ကြမ်းတမ်းစွာ ပွတ်တိုက်မိခြင်းကြောင့် သွားခံတွင်း သွေးယို၍ ခံတွင်းအတွင်း အန္တရာယ်ရှိသော ပိုးမွှားလေးများ သွေးကြောထဲကိုရောက်ပြီး ပိုးပေါက်နိုင်ပါတယ်။ ထို့ကြောင့်နည်းလမ်း မှန်ကန်စွာဖြင့် အသုံးပြုရန်အရေးကြီးပါတယ်။
သွားကျန်းမာရေးအတွက် လုပ်ဆောင်ရမည့် အချက်များ?
  • တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပေးပါ။
  • နည်းလမ်းမှန်ကန်စွာဖြင့် သွားတိုက်ပေးပါ။
  • လျှာနှင့်ခံတွင်း ကျန်းမာရေးကို လျှစ်လျူမရှုပေးပါနဲ့။
  • Fluoride ပါသော သွားတိုက်ဆေးများကို အသုံးပြုပေးပါ။
  • ပလုတ်ကျင်းရည်ကိုလည်း အသုံးပြုပေးပါ။
  • ရေများများ သောက်ပါ။
  • အချိုများများပါသော အစားအစာများ၊ ကော်ဖီ လက်ဖက်ရည်များကို တတ်နိုင်သမျှ လျော့၍စားသုံးပေးပါ။
  • သွားဆရာဝန်များနှင့်လည်း တိုင်ပင်ဆွေးနွေးပေးပါ။
သွားကြားထိုးခြင်းသည်လည်း သွားတိုက်ခြင်းကဲ့သို့ အရေးကြီးပါတယ်ရှင့်။ ကျန်းမာသန်စွမ်းသော သွားလေးများ ပိုင်ဆိုင်ပြီး လှပတောက်ပသော အပြုံးလေးများ ဝေဆာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
*ပိုမိုကျန်းမာ အလှတိုးမှာ LifePlus မှာဈေးဝယ်ပါ*

Leave a Reply

Your email address will not be published. Required fields are marked *