ကင်ဆာရောဂါအကြောင်း သိကောင်းစရာ… Leave a comment

ကမ္ဘာ့ကင်ဆာရောဂါကာကွယ်ရေးနေ့  (“World Cancer Day”) သည်ကင်ဆာရောဂါအပေါ် ပိုမိုသတိပြုလာနိုင်စေရန်၊ ကင်ဆာကာကွယ်ရေး၊ ရှာဖွေရေးနှင့် ကုသရေးများကို ပိုမိုအာရုံစိုက်လာနိုင်စေရန်အတွက် နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ကျင်းပသောနိုင်ငံတကာ နေ့ရက်တစ်ခုဖြစ်ပါသည်။  အဓိကရည်ရွယ်ချက်မှာ ကင်ဆာရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်ရန်ဖြစ်ပါသည်။ ကင်ဆာရောဂါနှင့်ပက်သက်တဲ့ ဗဟုသုတလေးတွေကို အားလုံးသိအောင် မျှဝေပေးချင်ပါတယ်။
ပထမဦးဆုံးအနေဖြင့် World Cancer Day ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ရှင်းပြချင်ပါတယ်။
-ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့အချက်အလက်များအရ ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ တိုးတက်လာပြီး တစ်ကမ္ဘာလုံးမှာ လူသေနှုန်းဟာ မြင့်တက်လာခဲ့ပါတယ်။
-ဒါကြောင့် 1993 ခုနှစ်မှစတင်ပြီး ကင်ဆာရောဂါအကြောင်း လေ့လာရန်နှင့် ကုသရန်အတွက် Union for International Cancer Control(UICC) ကို စတင်တည်ထောင်ခဲ့ပါတယ်။
-ထိုအဖွဲ့အစည်း (UICC) ၏ ဦးဆောင်မှုဖြင့် 4.2.2000 ခုနှစ်တွင် ပထမဦးဆုံး World Cancer Day ကို ဂျနီဗာ နှင့် ဆွစ်ဇာလန်မှာ စတင်ကျင်းပခဲ့ပါတယ်။ နေရာအသီးသီးမှ များစွာသော ကင်ဆာနှင့်ပက်သက်သော အဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ကင်ဆာရောဂါဆိုတာဘာလဲ?
-ကင်ဆာရောဂါဆိုတာ လူကြီးလူငယ်၊ ကျား/မ မရွေး ဖြစ်နိုင်ပါတယ်။ ကင်ဆာ၏ ယေဘူယျ လက္ခဏာတွေကတော့…
(၁) လှုပ်ရှားမှုပြုလျှင် အလွန်အမင်းမောပန်းလာခြင်း။
(၂) အကြောင်းအရင်းမရှိဘဲ (၁၀)ပေါင်နှင့်အထက် ခန္ဓာကိုယ်အလေးချိန် အတက်အကျဖြစ်ခြင်း။
(၃) အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ မျိုချရခက်ခဲခြင်း၊ မူးဝေအော့အန်ခြင်း။
(၄) ခန္ဓာကိုယ်တွင် ရုတ်တရက်နာကျင်ရောင်ရမ်းလာခြင်း၊ အဖုအကျိတ်များထွက်လာခြင်း။
ကင်ဆာရောဂါဖြစ်ပွါးသောပြင်းထန်မှုအဆင့်များ…
-ကင်ဆာရောဂါတွင် ယေဘူယျအားဖြင့် အဆင့်(၄)ဆင့် ရှိပါသည်။
အဆင့်(၁)-  ကင်ဆာဆဲလ်သည် သေးနေဆဲဖြစ်ပြီးခန္ဓာကိုယ်တွင်မပျံ့နှံ့သေးပါ။
အဆင့်(၂)-   ကင်ဆာဆဲလ်များ ကြီးထွားလာပြီးခန္ဓာကိုယ်တွင်မပျံ့နှံ့သေးပါ
အဆင့်(၃)-  ကင်ဆာဆဲလ်များ ပိုမိုကြီးထွားလာပြီး ခန္ဓာကိုယ်တွင်စတင်ပျံ့နှံ့နေပြီဖြစ်ပါသည်။
အဆင့်(၄)-  ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၌အင်္ဂါ အစိတ်အပိုင်းများအားလုံးနှင့် တစ်ရှူးများ သို့ပျံ့နှံ့သွားပြီဖြစ်ပါသည်။
-ကင်ဆာရောဂါသည် စောစောသိလေ အသက်အန္တရာယ်ကို ကာကွယ်နိုင်လေဖြစ်သောကြောင့် ယေဘူယျလက္ခဏာများဖြစ်ပေါ်လာပါက အမြန်ဆုံးနီးစပ်ရာ ဆေးရုံဆေးခန်းများတွင်စစ်ဆေး၍ ကုသမှုခံယူသင့်ပါသည်။
-ကင်ဆာရောဂါအမျိုးအစားများ…
ကင်ဆာအမျိုးအစား အဓိကအားဖြင့် (၄)မျိုးရှိပါတယ်။
(၁) Carcinomas
-အတွင်းအင်္ဂါများကို ကာကွယ်ဖုံးအုပ် ပေးသောတစ်ရှူးများပေါ် (သို့မဟုတ်)အရေပြားပေါ်တွင် ဖြစ်တတ်သောကင်ဆာများ (eg အရေပြားကင်ဆာ)
(၂)Sarcomas
-ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်သွယ်ထောက်ပံ့ ပေးသောတစ်ရှူးများတွင် ဖြစ်သောကင်ဆာ (eg အရိုးနှင့်ကြွက်သားများတွင်ဖြစ်သောကင်ဆာ)
(၃)Leukemia
-သွေးထဲတွင် ဖြစ်တတ်သောကင်ဆာ(eg သွေးကင်ဆာ)
(၄) Lymphomas
-Lymph nodes ဟုခေါ်သော Immune system (ကိုယ်ခံအား)ကိုအထောက်အပံ့ပေးသော အစိတ်အပိုင်းများတွင် ဖြစ်သောကင်ဆာ (eg သရက်ရွက်ကင်ဆာ)
ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို ကာကွယ်လျော့ကျစေသော ဖြည့်စွက်စာများမှာ ပန်းသီး၊ ဘယ်ရီသီးများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ မုန်လာဥနီ၊ ပဲအမျိုးမျိုး၊ Omega 3 ငါးကြီးဆီ ကြွယ်ဝသောအစားအစာများ၊ကြက်သွန်ဖြူ၊ Vitamin –D၊ Antioxidants (eg-Vitamin A, C, E)၊ Beta carotene စသည်တို့ပါ၀င်အောင် စားသုံးသင့်ပါတယ်။
ကင်ဆာရောဂါကို ဘယ်လိုကာကွယ်မလဲ?
ကမ္ဘာပေါ်မှာ ကင်ဆာရောဂါဟာ ဒုတိယအသေအပျောက်ဆုံး ရောဂါဖြစ်ပါတယ်။ ကင်ဆာရောဂါမဖြစ်ပွားစေရန် မိမိတို့က အတတ်နိုင်ဆုံးကာကွယ်ရမှာ ဖြစ်ပါတယ်။ အောက်ပါအရာများကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
(၁) ဆေးရွက်ကြီးနှင့် ပြုလုပ်ထားသော အစားအသောက်များရှောင်ရန် (ဥပမာ-ကွမ်း၊ဆေးလိပ်)၊
(၂) ခန္ဓာကိုယ်ကျန်းမာ မျှတအောင် နေထိုင်စားသောက်ရန်၊
(၃) ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုအနည်းဆုံး ဖြစ်အောင်နေထိုင်ရန်၊
(၄) ကာကွယ်ဆေးထိုးရန် (eg-သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)၊
(၅) ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန်၊
-ကင်ဆာရောဂါသည် မျိုးရိုးလိုက်တတ်သောရောဂါဖြစ်တာကြောင့် အတတ်နိုင်ဆုံးကာကွယ်နေထိုင်သင့်ပါတယ်။
“ကင်ဆာရောဂါကာကွယ်ဖို့ ကျန်းမာမျှတစွာနေထိုင်စားသောက်ကြပါစို့”
References :httpa;//www.cancer.gov

Leave a Reply

Your email address will not be published. Required fields are marked *