ဦးနှောက်ကျန်းမာရေးကောင်းမွန်ခြင်းဟာ ဘဝအောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအုတ်မြစ်ဖြစ်ပြီး စဉ်းစားတွေးခေါ် နိုင်စွမ်း၊ သင်ယူမှု၊ ခံစားမှု၊ ဆက်ဆံရေးတွေကို အဓိကလုပ်ဆောင်ပေးနေတာဖြစ်ပါတယ် ။ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ အချက်တွေကတော့
(၁) ကိုယ်ကာယကျန်းမာရေး ကောင်းမွန်မှု Omega-3 ပါဝင်တဲ့ ငါး၊ Vitamins B ပါဝင်တဲ့ အသီးအရွက်၊ Antioxidants ကြွယ်ဝသော Blueberries များစားသုံးပါ။
နေ့စဉ် မိနစ် (၃၀) ခန့် လျှင်မြန်စွာ လမ်းလျှောက်ပါ။
နေ့စဉ် ၇ နာရီမှ ၉ နာရီခန့် ပြည့်ဝအောင် အိပ်စက်ပါ။
(၂) ဦးနှောက်လေ့ကျင့်ခန်း
Puzzle ဆော့ခြင်း ၊ စာဖတ်ခြင်းများ ပြုလုပ်ပြီး ဂီတ/ဘာသာစကားအသစ်များ လေ့လာပါ။
(၃) စိတ်ဖိစီး မှု လျှော့ချခြ င်း
နေ့စဉ် ၁၀ မိနစ်ခန့် တရားထိုင်ပါ။ screen time လျှော့ချပါ။
(၄) အသက်အရွယ်အလိုက် အားဆေးများ စနစ်တကျသောက်သုံးခြင်း မိခင်/ကလေး – Folic acid, Omega-3, Iron
၆–၂၅ နှစ် – DHA, B12 supplements
၂၆–၆၀ နှစ် – B-complex, Magnesium
၆၀ နှစ်အထက် ဘိုးဘွားများတွင် ဦးနှောက် သွေးလည်ပတ်မှု ကောင်းစေသည့် Gingko Biloba, လေဖြတ်ပြီးနောက် မှတ်ဥာဏ်ပြန်လည်ကောင်းမွန်စေနိုင်သော Citicoline, ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းလာမှုကို နှေးကွေးစေသော Piracetam ကဲ့သို့ဆေးဝါးများအား ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် စနစ်တကျသုံးစွဲပါ။
ဦးနှောက်ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ
• အချိုလွန်ကဲသောအစားအစာများ စားသုံးခြင်း
• မလှုပ်ရှားဘဲ အထိုင်များခြင်း
• အိပ်စက်မှု မလုံလောက်ခြင်း
• စိတ်ဖိစီးမှု များခြင်း
• ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
• ဖုန်း/ ကွန်ပျူတာ အလွန်အကျွံသုံးစွဲခြင်းတို့ကိုရှောင်ရှားပါ။ ဆရာဝန်နဲ့ ပြသသင့်ချိန်
• မိမိနာမည်၊ နေ့ စွဲမေ့နေခြင်း
• တိုတောင်းတဲ့တွက်ချက်မှုများ မလုပ်နိုင်တော့ခြင်း (ဥပမာ – ငွေရေတွက်ခြင်း)
• စိတ်အတက်အကျအလွန်မြန်ခြင်း
စတဲ့လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
မှတ်သားသင့်တဲ့အချက်များ ဦးနှောက်ကျန်းမာရေး ကောင်းမွန်ခြင်းဟာ ပစ္စုပ္ပန်အတွက်သာမက ၊ အနာဂါတ်အတွက်လည်း တန်ဖိုးကြီးပါတယ်!
ဉီးနှောက်ကျန်းမာရေး ကောင်းမွန်ခြင်းကြောင့် မှတ်ဉာဏ်ပိုကောင်းခြင်း ၊ စိတ်ကျန်းမာရေး တိုးတက်စေပြီး အသက်ကြီးလာတာနဲ့အမျှ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်တဲ့အတွက် ဦးနှောက်ကျန်းမာရေးကို ဒီနေ့မှစလို့ အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဉီးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ဖြည့်စွက်ဆေးဝါးများလဲ LifePlus Health & Beauty ဆေးဆိုင်တိုင်းတွင် ၀ယ်ယူရရှိနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Pharmacist ဖြစ်သူ မဝေဆာဖြိုးမြင့်မှ မေတ္တာဖြင့် ရေးသားတင်ဆက်ပေးထားပါတယ်ရှင်။
#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty