အာရောဂျံ ပရဘံလာမံ – ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသလို ကိုယ်စိတ်နှစ်ပါးကျန်းမာကြံ့ခိုင်မှသာ တန်ဖိုးရှိသောဘဝကို ပျော်ရွင်စွာ တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ Life Plus Health and Beauty မှလည်း ကျန်းမာကြံ့ခိုင်ပျော်ရွှင်တဲ့ အမျိုးသားတစ်ယောက် ဖြစ်စေဖို့ ဂရုစိုက်လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ် ခင်ဗျ
၁။ ကိုယ်လက်လှုပ်ရှားမှု (Exercise)
နေ့စဉ် မိနစ် ၃၀ မှ ၁ နာရီအထိ လေ့ကျင့်ခန်း ပြုလုပ်ပါ။ (ဥပမာ – လမ်းလျှောက်ခြင်း၊ အားကစား၊ ယောဂ) ကြွက်သား သန်မာရေးအတွက်လည်း Weight Training Process တွေပြုလုပ်ပေးသင့်ပါတယ်။
၂။ အာဟာရ ပြည့်ဝဖို့အတွက် (Nutrition)
ပရိုတင်း ဓါတ်ကြွယ်၀တဲ့ ကြက်၊ ငါး၊ ပဲအမျိုးမျိုး ၊ Vitamins နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါတဲ့
ဟင်းသီးဟင်းရွက် နှင့် အစေ့အဆံပါသော အစားအစာများကိုလဲ တင့်သင့်မျှတစွာစားသုံးပေးသင့်ပါတယ်။ သကြား၊ အငန်နှင့် ပြုပြင်ထားသော အသင့်စား အစားအသောက်များ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
၃။ စိတ်ကျန်းမာရေး (Mental Health)
ဒါကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအဆင်ပြေနိုင်ဖို့အတွက် အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှု လျှော့ချဖို့ အတွက် တရားထိုင်ခြင်း ၊ မိမိကိုယ်တိုင်အတွက် အချိန်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။ လိုအပ်ပါက မိသားစု၊ သူငယ်ချင်းများနှင့် ကောင်းမွန်နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းဖြင့် သင့်ရဲ့ Mental Health ကို တိုးတက်ကောင်းမွန်စေမှာအသေအချာပါပဲ။
၄။ ကျန်းမာရေး စစ်ဆေးမှု (Medical Check-ups)
ကျန်းမာရေးစစ်ဆေးမှုများကိုလည်း တစ်နှစ်တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။ ဆီးချို၊နှလုံး နှင့် သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်းအပြင် အမျိုးသားများအနေဖြင့် အသက် ၄၀ ကျော်လျှင် Prostate Cancer စစ်ဆေးမှုကိုလဲ ပြုလုပ်ပေးသင့်ပါတယ်။
၅။ ဆေးလိပ်၊ အရက် စတဲ့ မူးရစ်ဆေး၀ါးသုံးစွဲမှုများ ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၆။ လိင်ကျန်းမာရေး (Sexual Health)
Sexual Health ကလည်း မိမိရဲ့အိမ်ထောင်ရေးသာယာကောင်းမွန်ဖို့အတွက် အရေးကြီးတဲ့အတွက်ကြောင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်ရန်အတွက် အကာအကွယ် (Condom) အသုံးပြုပေးပါ။ Erectile Dysfunction (ပန်းသေ ပန်းညှိုး) ကဲ့သို့သော ပြဿနာများ ရှိပါကလည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၇။ အရေးပေါ်အချက်များ (Warning Signs)
ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျခြင်းတို့ ဖြစ်ပါက နီးစပ်ရာဆေးရုံဆေးခန်းများသို့ သွားရောက်စစ်ဆေးကုသမှုများ ခံယူသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အမျိုးသားများ အနေနဲ့ ကျန်းမာဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု၊ အာဟာရ၊ စိတ်ဖိစီးမှု ထိန်းချုပ်ခြင်းနှင့် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ Healthy life Happy Life ဖြစ်မှာပါ။
အမျိုးသားများအတွက်လိုအပ်တဲ့ အာဟာရဖြည့်စွက်စာများကိုလည်း Life Plus Health and Beauty မှာ ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီး ၀ယ်ယူရရှိနိုင်ပါတယ်ခင်ဗျ။
ကျန်းမာပျော်ရွှင်သော အမျိုးသားဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty မှ Senior Pharmacist ကိုအာကာ ရေးသားဖော်ပြပေးထားပါတယ်…
#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty