တစ်ကမ္ဘာလုံးတွင် လူဦးရေ ၅၅ သန်းကျော်သည် အယ်လ်ဇိုင်းမား (သို့) အခြားမှတ်ဉာဏ်ချို့ယွင်းမှု ရောဂါများနှင့် ရင်ဆိုင်နေရပါတယ်။ 2050ခုနှစ်တွင် 139သန်းအထိ မြင့်တက်နိုင်သည်ဟုလည်း သုတေသီများက ခန့်မှန်းထားကြပါတယ်။ Alzheimer ရောဂါသည် ဦးနှောက်ဆဲလ်များ တဖြည်းဖြည်းပျက်စီးခြင်းကြောင့် မှတ်ဉာဏ်၊ အတွေးအခေါ်နှင့် အပြုအမူများ ချို့ယွင်းသည့် နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ “သတိမေ့တတ်တာ” ဟာ အဖြစ်အများဆုံးပါပဲ။ ဒီလို သတိမေ့တာဟာ သာမန်အသက်အရွယ်ကြောင့် ဖြစ်တာလား၊ ဒါမှမဟုတ် Alzheimer’s (အယ်လ်ဇိုင်းမား) လိုမျိုး ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတစ်ခုရဲ့ ရှေ့ပြေးလက္ခဏာလားဆိုတာကို ခွဲခြားသိမြင်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ အရေးကြီးပါတယ်..
Alzheimer’s ရောဂါဟာ ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတော့
အသက် 65 နှစ်နှင့် အထက်ရှိသူများ
မျိုးရိုးထဲမှာ ရောဂါခံစားဖူးသူရှိသူများ
ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
အ၀လွန်သူများ
ဆေးလိပ်အလွန်အကျွံသောက်သူများနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူများ
သွေးတိုးရောဂါရှိသူများ
အသီးအရွက်အစားနည်းသူများ
ဆီးချိုရောဂါရှိသူများနဲ့
အမျိုးသမီးတွေမှာ ပိုအဖြစ်များတာကို တွေ့ရှိရပါတယ်
Alzheimer ရောဂါ၏ သတိပေးလက္ခဏာများအား သိရှိပြီး ရောဂါအား စောစီးစွာ ရှာဖွေတွေ့ရှိရန် လိုအပ်ပါတယ်
Alzheimer ရောဂါ၏ အစောပိုင်းလက္ခဏာများ
1. မှတ်ဉာဏ်ပြဿနာများ
မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ ၊ အရေးကြီးသောနေ့ရက်များ၊ အချက်အလက်များကို မမှတ်မိခြင်း ။ တစ်ခါတလေ မိသားစုဝင်များ၏ အမည်များကိုပင် မေ့တတ်လာခြင်း ။
2. နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် အခက်အခဲဖြစ်ခြင်း
ငွေစာရင်းများကိုင်တွယ်ရာတွင် အမှားများဖြစ်ခြင်း ။
မီးဖိုပိတ်ရန်မေ့ခြင်း ။
ရင်းနှီးသောနေရာများသို့ သွားရာတွင် လမ်းမှားခြင်း ။
3. စကားပြောဆိုရာနှင့် စာရေးသားရာတွင် အခက်အခဲဖြစ်ခြင်း
စကားလုံးများ၊ ဝါကျများ ရုတ်တရက်မေ့ခြင်း ။
တစ်ခုခုကို ထပ်ခါထပ်ခါမေးနေခြင်း ။
4. အချိန်နှင့်နေရာကို ရှုပ်ထွေးခြင်း
လက်ရှိရက်စွဲ၊ လ၊ နှစ်ကို မမှတ်မိခြင်း။
မိမိရောက်ရှိနေသောနေရာကို မှတ်မိရန် အခက်အခဲဖြစ်ခြင်း။
5. ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း
ငွေကြေးအကုန်အကျနှင့်ပတ်သက်၍ မှားယွင်းသောဆုံးဖြတ်ချက်များချမိခြင်း ။
ပုံမှန်ထက်ပို၍ ယုံလွယ်သူဖြစ်လာခြင်း ။ (ဥပမာ – အလွယ်တကူငွေချေးပေးခြင်း)
6. အာရုံစူးစိုက်မှုနည်းပါးလာခြင်း
ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ စကားဝိုင်းများကို နားလည်ရန် ကြာခြင်း ။
လုပ်ငန်းတစ်ခုကို အဆုံးမသတ်နိုင်ခြင်း ။
7. ပစ္စည်းများကို မှားယွင်းစွာထားခြင်း
သော့ကို ရှာမတွေ့ခြင်း ။
အခြားသူများကို ခိုးယူသည်ဟု စွပ်စွဲတတ်လာခြင်း ။
8. စိတ်နေစိတ်ထား ပြောင်းလဲခြင်း
စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း ။
လူမှုဆက်ဆံရေး နည်းပါးလာခြင်း ။
ပုံမှန်မဟုတ်သော ဒေါသထွက်ခြင်း ။
ဤလက္ခဏာများသည် အသက်ကြီးခြင်းကြောင့်ဖြစ်သော ပုံမှန်မှတ်ဉာဏ်လျော့နည်းမှုနှင့် မတူညီကြောင်း သတိပြုမိဖို့ လိုအပ်ပါတယ် ။
ကာကွယ်ခြင်းဟာ အကောင်းဆုံး ကုသခြင်းဖြစ်တဲ့အတွက်ကြောင့် ဦးနှောက်ကျန်းမာသန်စွမ်းအောင် ပြုလုပ်သင့်တဲ့ အလေ့အကျင့်လေးတွေကို ပြောပြပေးချင်ပါတယ်..
✓ တစ်နေ့ကို မိနစ် 30 ခန့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ ဥယျာဉ်စိုက်ခြင်းလိုမျိုး နှလုံးခုန်နှုန်း မြန်စေပြီး ဦးနှောက်နဲ့ခန္ဓာကိုယ်ကို သွေးလည်ပတ်မှုကောင်းစေတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
✓ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ Omega-3 ကြွယ်ဝသောအစားအစာများ: ( ဆယ်လ်မွန်ငါး၊ တူနာငါး၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့)၊ Antioxidants ကြွယ်ဝသော အစားအစာများ (ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ )
✓ ဦးနှောက်ကို တွက်ချက်အသုံးပြုရသည့် ရုပ်ပုံဆက်သော ကစားနည်း (puzzle game)၊ စကားလုံး ရှာဖွေရသော ကစားနည်း (word game)၊ ပဟေဠိကစားနည်း၊ chessထိုးခြင်း စသည်တို့ကို ရံဖန်ရံခါ ပြုလုပ်ပေးသင့်ပါတယ် ။
✓ စိတ်ဖိစီးမှုများ စုပုံမလာစေရန် လျှော့ချရန် ပုံမှန်တရားထိုင်ခြင်း ၊မိမိကိုယ်ကို အနားပေးခြင်း
အိပ်ရေး၀၀အိပ်စက်ခြင်းက ဉီးနှောက်ကျန်းမာရေးအတွက် အရေးကြီးပါတယ် ။
အထက်ပါ အလေ့အကျင့်များဖြင့် မိမိဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်ကျန်းမာအောင် လေ့ကျင့်ပေးလို့ရပါတယ်။
Alzheimer’s ရောဂါဟာ မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခြင်းအားဖြင့် ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
ဉီးနှောက် စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမည့်ဖြည့်စွက်ဆေး၀ါးများကို LifePlus Health & Beauty ဆေးဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Senior Pharmacist ဖြစ်သူ
မသီရိမင်းစိုးမှ ရေးသားဖော်ပြပေးထားပါတယ်ရှင်။
#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty