ပိုးသတ်ဆေးယဉ်ပါးမှုတွေ မဖြစ်စေဖို့…… Leave a comment

အရင်တုန်းက ဘက်တီးရီးယားပိုးဝင်တာကြောင့် ရောဂါဖြစ်ရင် ကုသဖို ဆေးဝါးမရှိတဲ့အတွက် သေဆုံးမှုတွေ အများအပြားဖြစ်ခဲ့ရပါတယ်။ ပိုးသတ်ဆေးပေါ်လာတဲ့အခါမှာတော့ ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကို ကုသနိုင်ခဲ့ပြီး သေဆုံးနှုန်းတွေကိုလည်း လျော့ချနိုင်ခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ လူတွေရဲ့ ပိုးသတ်ဆေးကို မဆင်မခြင်သုံးစွဲမှု၊ မလိုအပ်ဘဲ အများအပြားသုံးစွဲမှုတွေကြောင့် ပိုးသတ်ဆေးယဉ်ပါးမှုဆိုတာ ဖြစ်လာရပါပြီ။

ပိုးသတ်ဆေးယဉ်ပါးမှူဆိုတာ… ပိုးသတ်ဆေးတွေကို သောက်ဖိုမလိုအပ်ဘဲ အလွယ်တကူသုံးစွဲမှု၊ မှားယွင်းသုံးစွဲမှု တွေကြောင့် ပိုးသတ်ဆေးအာနိသင်လျော့နည်းပြီး ပိုးတွေကို မထိန်းချုပ်နိုင်၊ မသတ်နိုင် ဖြစ်တာပါ။ တစ်နည်းအားဖြင့် ပိုးတွေဖက်က အားသာပြီး ရောဂါကုသဖိုအတွက် ပုံမှန် ပိုးသတ်ဆေးနဲ့မတိုးတော့ဘူးဆိုတဲ့ သဘောပါပဲ။

ပိုးသတ်ဆေးယဉ်ပါးမှုကြောင့်
-ပိုးဝင်တာကြောင့်ဖြစ်တဲ့ ရောဂါတွေကို ပုံမှန်ကုသနေကျအတိုင်း အလွယ်တကူမကုသနိုင်တာ
-ပိုပြီး ပြင်းအားရှိတဲ့ ဆေးတွေပေးရတာကြောင့် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရနိုင်တာ
-ဆေးကုသစရိတ် ကုန်ကျမှုများပြားတာ
-ဆေးရုံနေရချိန် ကြာရှည်တာ
-သေဆုံးနှုန်း မြင့်တက်တာတွေ ဖြစ်နိုင်ပါတယ်၊၊
ဒီလို အန္တရာယ်တွေ မကြုံတွေ့ရအောင် ပိုးသတ်ဆေးတွေကို စနစ်တကျ သောက်တတ်ဖို လိုပါမယ်နော်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး HOPE TeleCare Myanmar မှ ဆရာဝန်များနှင့်လည်း မနက်၈နာရီမှ ည၁၀နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
#LifePlus
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *