အားလုံးပဲ မင်္ဂလာပါ…
အမျိုးသမီးများ သာမက အမျိုးသားများပါ ကိုယ့်ရဲ့ မျက်နှာလေး ဖြူစင်၀◌င်းပပြီး အပြစ်အနာအဆာ ကင်းတဲ့အသားအရေကို လိုချင်ကြမှာ အသေအချာပါပဲရှင့်။ ကိုယ့်ရဲ့မျက်နှာက ဘယ်လိုအမျိုးအစားထဲ ပါ၀◌င်နေလဲဆိုတာ သိရှိဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် Skin Type (၅)မျိုးရှိပါတယ်။
- ပုံမှန်အသားအရေ (Normal Skin)
- ခြောက်သွေ့ အသားအရေ (Dry Skin)
- အဆီပြန် အသားအရေ (Oily Skin)
- ပေါင်းစပ် အသားအရေ (Combination Skin)
- ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး (၅) မျိုး ခွဲခြားထားပါတယ်။
မည့်သည့်အသားအရေပိုင်ရှင်မဆို သဘာဝနည်းလမ်းအတိုင်း အသားအရေကိုထိန်းသိမ်းဖို့ လိုက်နာသင့်တဲ့ အချက်လေးများကို မျှေ၀ပေးချင်ပါတယ်။
(၁) နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
(၂) ကြက်သီးနွေး အနေအထား ရှိသောရေဖြင့်သာ ရေချိုး၊ မျက်နှာ သစ်ပါ။
(၃) မိတ်ကပ် Brush များအား မကြာခဏ ဆေးကြောသန့်စင်ပေးပါ။
(၄) စိတ်ဖိစီးမှု ပြေလျော့အောင်နေထိုင်ပါ။
(၅) ရေများများ သောက်ပါ။