Vitamin E အကြောင်းသိကောင်းစရာ… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

Vitamin-E သည်အစားအစာ များစွာ၌တွေ့ရသော ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်များအတွက် အရေးကြီးလှသည့် အဆီပျော်ဝင်နိုင်သော ဓာတ်တိုးစေသည့်အာဟာရ အုပ်စုတစ်ခုတွင်ပါ၀င်ပါသည်။ Vitamin E တွင်အဓိကအားဖြင့်ဓာတုဗေဒအုပ်စုနှစ်ခုဖြစ်သော Tocopherols နှင့် Tocotrienols တို့ဖြင့်ပါ၀င်ဖွဲ့စည်းထားသည်။ Vitamin-E ၏ Antioxidant ဂုဏ်သတ္တိများသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားဓာတ်မတည့်သောအန္တရာယ်များနှင့် Oxidative stress များကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှုအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် Vitamin-E ၏အာဟာရအရင်းအမြစ်များနှင့် ဖြည့်စွက်မှုကောင်းကျိုးတွေဟာ အရေပြားထိန်းသိမ်းခြင်းမှသည် နှလုံးနှင့်ဦးနှောက်ကျန်းမာရေးအထိ ကျန်းမာရေးအကျိုးကျေးဇူး များစွာရရှိစေတဲ့ကောင်းကျိုးများ ပြည့်စုံစေပါသည်။

Vitamin-E သည်အမြင်အာရုံကောင်းမွန်စေခြင်း၊ မျိုးဆက်ပွားကျန်းမာရေးတို့တွင် အထောက်အကူပြုသည့်အပြင် သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို ကူညီပေးခြင်း စသဖြင့်ကောင်းကျိုးများစွာရှိပါတယ်။ Vitamin-E တွင် Antioxidant ပါဝင်သည့်အတွက် အသားအရေတွင် Collagen ဓာတ်ဖြည့်တင်းပေးနိုင်ပြီး အသားအရေကို စိုပြေလှပစေနိုင်ပါသည်။ လူတစ်ယောက်၏တစ်နေ့တာအတွက် Vitamin-E လိုအပ်မှုမှာ ကလေးငယ်များတွင် 4 MG မှ 11 MG/Day အထိဖြစ်ပြီး လူကြီးတစ်ယောက်အတွက် 15 MG/Day  ပမာဏလိုအပ်ပါတယ်။ သဘာဝအစားအစာအရင်းအမြစ်များမှ ဗီတာမင်များကိုရယူခြင်းသည် နေ့စဉ်ဘ၀အတွက်အကျိုးရှိစေပြီး ကျွန်ုပ်တို့၏နေ့စဉ်စားသောက်မှု သို့မဟုတ် အာဟာရ၏တစ်စိတ်တစ်ပိုင်း အဖြစ်ပါ၀င်ပြီးကျန်းမာလှပစေနိုင်ပါတယ်။

Vitamin-E ဆိုတာ ခန္ဓာကိုယ်ရှိဆဲလ်တွေ ပျက်စီးခြင်းကိုကာကွယ်ပေးပြီး အသားအရေကောင်းမွန်စေပါတယ်။ Vitamin E ပါ၀င်တဲ့အစားအစာတွေကို စားသောက်မယ်ဆိုရင်တော့ တစ်နေ့တာလိုအပ်တဲ့ အာဟာရကို ပြည့်၀အောင်စားသောက်ပေးသင့်ပါတယ်။ သဘာ၀မှရရှိနိုင်တဲ့ Vitamin E ပါ၀င်တဲ့အစားအစာတွေကို ပြောပြပေးချင်ပါတယ်။

  • သင်္ဘောသီး
  • ဘလူးဘယ်ရီသီး
  • ပန်းဂေါ်ဖီစိမ်း
  • မာလကာသီး
  • ထောပတ်သီး
  • နေကြာစေ့ နဲ့
  • မုန်လာဉနီ တို့ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *