အုန်းဆီကို မျက်နှာမှာ ဘယ်လိုအသုံးပြုသင့်သလဲ? Leave a comment

အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အုန်းဆီရဲ့ ကောင်းကျိုးတွေကတော့ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပနှင့် ဆေးကုသခြင်းအထိ အမျိုးမျိုး အသုံးဝင်ပါတယ်။ အုန်းဆီမှာ Lauric Acid ပေါများပါတယ်။ အုန်းဆီတွင်  အရေပြားပိုးမွှားများကို သေစေနိုင်သော၊ ရောင်ရမ်းခြင်းကို လျော့နည်းစေသော၊ ဓာတ်တိုးဆန့်ကျင်စေသော၊ အရေပြားကို စိုပြည်စေသော အာနိသင်များရှိကြောင်းတွေ့ရှိရပါသည်။ အုန်းဆီဟာ အာဟာရတန်ဖိုးများပြီး လူကို အကျိုးပြုတာကြောင့် တခြားနိုင်ငံတွေမှာတော့အစားအစာ အဖြစ် လက်ခံစားသုံးနေကြပြီး အာဟာရအဖြစ် သာမက ဆေးဝါးအဖြစ်ပါ သုံးစွဲနေကြပါတယ်။ အုန်းဆီကို ဟိုးအရင်ကတည်းက ခေါင်းလိမ်းစရာဆီအဖြစ် အိမ်တိုင်းနီးပါးဆောင်ထားတတ်ကြတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီကို အသုံးပြုပြီး မျက်နှာအသားအရေကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ အုန်းဆီကို သုံးပြီး မျက်နှာအသားအရေထိန်းသိမ်းခြင်းကို လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းများကို မျှ‌ဝေပေးချင်ပါတယ်။

(၁) အုန်းဆီကို အသုံးပြုပြီး မျက်နှာကို နှိပ်နယ်ပေးပါ။

(၂) ဆား (သို့) သကြားကို အုန်းဆီနှင့်ရောပြီး Scrub ပြုလုပ်ပါ။

(၃) Make-up remover အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။

အထူးသတိပြုရမှာကတော့ Oily Skin သမားများအနေနဲ့ အုန်းဆီကိုမျက်နှာမှာ အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *