ပြစ်မျိုးမှဲ့ မထင်အသားအရေ ပိုင်ဆိုင်ဖို့ အတွက်‌… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…
လူတစ်ယောက်ရဲ့ ကောင်းခြင်းအဖြာဖြာမှာ အသားအရေကောင်းခြင်းကလည်း တစ်ချက် အပါအဝင်ဖြစ်ပါတယ်။ ကျန်းမာရေး၊ အသက်အရွယ်၊ ဟော်မုန်းပြောင်းလဲမှု၊ ရာသီဉတုနဲ့ လေထုညစ်ညမ်းမှု၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နိုင်တဲ့အတွက် အသားအရေကို အထူးသတိပြုထိန်းသိမ်းသင့်ပါသည်။ နေ့စဉ်ဘ၀မှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း၊ စနစ်တကျစားသောက်ပြီး မျှမျှတတနေထိုင်ခြင်းဟာ အသားအရေကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်စေမှာဖြစ်ပါတယ်
ပြစ်မျိုးမှဲ့ မထင်အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက်‌ လုပ်ဆောင်ရန်လိုအပ်တဲ့အချက်များကို အမျိုးသမီးများ သာမက အမျိုးသားများပါ သိရှိထားသင့်ပါသည်။ အသားအရေ စိုပြေလှပနေစေဖို့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပြစ်မျိုးမှဲ့ မထင်အသားအရေကို ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ နူးညံ့ချောမွေ့တဲ့အသားအရေကို ပိုင်ဆိုင်ရရှိနိုင်ဖို့အတွက် စားသောက်သင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
– ဗီတာမင်စီ ကြွယ်ဝသောအစားအစာများ၊
– ဗီတာမင်အေ ကြွယ်ဝသောအစားအစာများ၊
– ဗီတာမင်အီး၊
– သံလွင်ဆီ၊
– လက်ဖက်ရည်ကြမ်း စတာတွေ စားပေးရပါမယ်။
ဒါ့အပြင် ပြစ်မျိုးမှဲ့ မထင်အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ထိန်းသိမ်းရာတွင် နေ့စဉ်စားသုံးမယ့် အစားအသောက်တွေကလဲ အရေးကြီးပါတယ်။ နေ့စဉ်စားသုံးမယ့် အစားအသောက် ထဲတွင် ပါ၀င်သင့်သည်များကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁)  Zinc ပါ၀င်သောအစားအစာ များများစားပါ။

(၂)  Omega 3 ပါ၀င်သောအစေ့အဆံ များများစားပါ။

(၃)  Antioxidant ပါ၀င်မှုများသော အသီးအနှံ များများစားပါ။

(၄)  ရေများများသောက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *