ဦးနှောက်ကျန်းမာရေးနဲ့ ပက်သက်ပြီး သိကောင်းစရာများ……. Leave a comment

ဦးနှောက်ကျန်းမာရေးကောင်းမွန်ခြင်းဟာ ဘဝအောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအုတ်မြစ်ဖြစ်ပြီး စဉ်းစားတွေးခေါ် နိုင်စွမ်း၊ သင်ယူမှု၊ ခံစားမှု၊ ဆက်ဆံရေးတွေကို အဓိကလုပ်ဆောင်ပေးနေတာဖြစ်ပါတယ် ။

🔑 ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ အချက်တွေကတော့

(၁) ကိုယ်ကာယကျန်းမာရေး ကောင်းမွန်မှု

🥗 Omega-3 ပါဝင်တဲ့ ငါး၊ Vitamins B ပါဝင်တဲ့ အသီးအရွက်၊ Antioxidants ကြွယ်ဝသော Blueberries များစားသုံးပါ။

🏃 နေ့စဉ် မိနစ် (၃၀) ခန့် လျှင်မြန်စွာ လမ်းလျှောက်ပါ။

😴 နေ့စဉ် ၇ နာရီမှ ၉ နာရီခန့် ပြည့်ဝအောင် အိပ်စက်ပါ။

(၂) ဦးနှောက်လေ့ကျင့်ခန်း 📚

Puzzle ဆော့ခြင်း ၊ စာဖတ်ခြင်းများ ပြုလုပ်ပြီး ဂီတ/ဘာသာစကားအသစ်များ လေ့လာပါ။

(၃) စိတ်ဖိစီး မှု လျှော့ချခြ င်း 🧘

နေ့စဉ် ၁၀ မိနစ်ခန့် တရားထိုင်ပါ။ screen time လျှော့ချပါ။

(၄) အသက်အရွယ်အလိုက် အားဆေးများ စနစ်တကျသောက်သုံးခြင်း 🩺

👶 မိခင်/ကလေး – Folic acid, Omega-3, Iron

🎓 ၆–၂၅ နှစ် – DHA, B12 supplements

💼 ၂၆–၆၀ နှစ် – B-complex, Magnesium
👵 ၆၀ နှစ်အထက် ဘိုးဘွားများတွင် ဦးနှောက် သွေးလည်ပတ်မှု ကောင်းစေသည့် Gingko Biloba, လေဖြတ်ပြီးနောက် မှတ်ဥာဏ်ပြန်လည်ကောင်းမွန်စေနိုင်သော Citicoline, ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းလာမှုကို နှေးကွေးစေသော Piracetam ကဲ့သို့ဆေးဝါးများအား ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် စနစ်တကျသုံးစွဲပါ။

🚫 ဦးနှောက်ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

• အချိုလွန်ကဲသောအစားအစာများ စားသုံးခြင်း
• မလှုပ်ရှားဘဲ အထိုင်များခြင်း
• အိပ်စက်မှု မလုံလောက်ခြင်း
• စိတ်ဖိစီးမှု များခြင်း
• ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
• ဖုန်း/ ကွန်ပျူတာ အလွန်အကျွံသုံးစွဲခြင်းတို့ကိုရှောင်ရှားပါ။

⚠️ ဆရာဝန်နဲ့ ပြသသင့်ချိန်

• မိမိနာမည်၊ နေ့ စွဲမေ့နေခြင်း
• တိုတောင်းတဲ့တွက်ချက်မှုများ မလုပ်နိုင်တော့ခြင်း (ဥပမာ – ငွေရေတွက်ခြင်း)
• စိတ်အတက်အကျအလွန်မြန်ခြင်း
စတဲ့လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မှတ်သားသင့်တဲ့အချက်များ
💡 ဦးနှောက်ကျန်းမာရေး ကောင်းမွန်ခြင်းဟာ ပစ္စုပ္ပန်အတွက်သာမက ၊ အနာဂါတ်အတွက်လည်း တန်ဖိုးကြီးပါတယ်!

✅ ဉီးနှောက်ကျန်းမာရေး ကောင်းမွန်ခြင်းကြောင့် မှတ်ဉာဏ်ပိုကောင်းခြင်း ၊ စိတ်ကျန်းမာရေး တိုးတက်စေပြီး အသက်ကြီးလာတာနဲ့အမျှ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်တဲ့အတွက် ဦးနှောက်ကျန်းမာရေးကို ဒီနေ့မှစလို့ အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဉီးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ဖြည့်စွက်ဆေးဝါးများလဲ LifePlus Health & Beauty ဆေးဆိုင်တိုင်းတွင် ၀ယ်ယူရရှိနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Pharmacist ဖြစ်သူ မဝေဆာဖြိုးမြင့်မှ မေတ္တာဖြင့် ရေးသားတင်ဆက်ပေးထားပါတယ်ရှင်။

#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *