အူလမ်းကြောင်းဆိုင်ရာရောင်ရမ်းခြင်းဆိုတာဘာလဲ? Leave a comment

Crohn’s disease ဆိုတာ အူလမ်းကြောင်းဆိုင်ရာ ရောင်ရမ်းခြင်းရောဂါ တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ခုထိ အတိအကျ မသိကြရသေးပါဘူး။ ခုခံအားဖောက်လွဲဖောက်ပြန်ဖြစ်တာ ၊ မျိုးရိုးဗီဇ စတာတွေကြောင့် ဖြစ်တယ်လို့တော့ ယူဆထားကြပါတယ်။ အသက်ငယ်တဲ့အရွယ်၊ မိသားစုမျိုးရိုးမှာ Crohn’s disease ရှိသူ ၊ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတတ်ပါတယ်။

Crohn’s disease ဆိုတာ ဘယ်လို လက္ခဏာတွေကသိနိူင်မလဲ
-ဝမ်းလျှောခြင်း
-ဝမ်းတွင် သွေးပါခြင်း
-ဗိုက်ရစ်နာခြင်း
-ဖျားခြင်း
-မောပန်းလွယ်ခြင်း
-အစာစားချင်စိတ်နည်းပါးခြင်း
-ကိုယ်အလေးချိန်ကျခြင်း
-ဝမ်းကျန်သလိုခံစားရခြင်း
-ဝမ်းခဏခဏသွားခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
ဒီရောဂါလက္ခဏာတွေက တခြား အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာလည်း ရှိနိုင်တဲ့အတွက် ဒီလိုလက္ခဏာတွေကြာရှည်စွာခံစားနေရပြီဆိုရင်တော့ မပေါ့ဆဘဲ အမြန်ဆုံး ပြသစစ်ဆေးသင့်ပါတယ်နော်။

ဒါ့အပြင် ရောဂါပိုကြီးလာတာနဲ့အမျှ ခံစားရတဲ့ လက္ခဏာတွေကလည်း ပိုဆိုးရွားလာနိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အစာခြေလမ်းကြောင်းတောက်လျှောက် မှာ အနာတွေဖြစ်တာ၊ အူလမ်းကြောင်းပိတ်တာ၊ အူမကြီးကင်ဆာ၊ စအိုဂရင်ဂျီနာ၊ စအိုကွဲနာ၊ အရိုးအဆစ်တွေရောင်တာ၊ သွေးအားနည်းတာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စောစောစစ် စောစောသိပြီး ကုသမှုခံယူတာ အကောင်းဆုံးပဲဖြစ်ပါတယ်။

ဘယ်လို စစ်ဆေးပြီး ကုသမှုခံယူရမလဲ
သွေးနှင့်ဝမ်းစစ်ခြင်း ၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း ၊ အစာအိမ် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ အသားစယူခြင်း စတဲ့ နည်းလမ်းတွေနဲ့ ရောဂါရှာဖွေစစ်ဆေးလို့ရပါတယ်။

Crohn’s disease လို့ သေချာပြီဆိုရင်တော့ ဆေးဝါးနဲ့ ကုသမှုခံယူလို့ရပါတယ်။
ခုခံအားဖောက်လွဲဖောက်ပြန်တဲ့ရောဂါဖြစ်တဲ့အတွက် ပျောက်ကင်းအောင် ကုသလို့မရပေမယ့် ရောဂါပိုမဆိုးအောင် ဆေးဝါးတွေနဲ့ ထိန်းချုပ်လို့ ရနိုင်ပါတယ်။ ရောင်ရမ်းမှုကို သက်သာစေတဲ့ဆေး၊ ခုခံအား ထိန်းညှိပေးတဲ့ဆေး ၊ Biologic therapy၊ လိုအပ်ရင် ပိုးသတ်ဆေး စတဲ့ ဆေးတွေနဲ့ ကုသလို့ရပါတယ်။ ဆေးဝါးတွေနဲ့ လက္ခဏာတွေ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်မှု လုပ်ဖို့ လိုအပ်တာလည်း ရှိနိုင်ပါတယ်။

Crohn’s disease ခံစားနေရသူတစ်ယောက်အနေနဲ့
အမျှင်ဓာတ်ပမာဏကို သင့်တင့်စွာစားပါ။
(တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်တာမို့ အမျှင်ဓာတ်ကို လိုအပ်သလို ညှိပြီး စားဖို့တော့လိုပါတယ်။)
အဆီလျော့စားပါ။
နို့နှင့် နို့ထွက်ပစ္စည်းလျော့စားပါ။
ရေများများသောက်ပါ။
ဆေးလိပ်ဖြတ်ပါ။
စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချပါ။
ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု ရှိအောင်နေပါ။

အူလမ်းကြောင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး HOPE TeleCare Myanmar မှ ဆရာဝန်များနှင့်လည်း မနက်၈နာရီမှ ည၁၀နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *